Pages

Monday, July 16, 2012

Wireless Network နည်းပညာဆိုတာ




Wireless Network ချိတ်ဆက်မည်ဆိုပါက အောက်ပါနည်းလမ်းနှစ်သွယ်ဖြင့်ချိတ်ဆက်နိုင် ပါသည်။ ယင်းတို့မှာ -
၁ ) Ad.hoc Mode
၂) Infrastructure Mode
ဟူ၍ဖြစ်ပါသည်။

၁) Ad.hoc Mode (IBSS)
Ad.hoc အားတစ်နည်းအားဖြင့် Independent Basic Service Set ဟူ၍ လည်း ခေါ်ပါသည်။ယင်း Ad.hoc Mode သည် Computer အချင်းချင်း Wireless Adpater တမျိုးတည်း ဖြင့်သာအသုံးပြုချိတ်ဆက်ခြင်းဖြစ်ပါသည်။ ထို့ချိတ်ဆက်မှုတွင်မည်သည့်ကြားခံပစ္စည်း မှမလိုအပ်ပါ။


၂) Infrastructure Mode(BSS)
Infrastructure Mode အားတစ်နည်းအားဖြင့် Basic Service Set ဟူ၍လည်းခေါ်ပါ သည်။။ယင်း Infrastructure Mode သည် Computer အချင်းချင်းချိတ်ဆက်ရာတွင်း Wireless Adpater နှင့် Wireless Access Point (or) Wireless Router တို့ကို အသုံးပြုချိတ်ဆက်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် Wireless Adpater သည်အသုံးပြုသူများ၏ ရွေးချယ်မှု ပေးတွင် မူတည်ပါသည် ။
 


Wi-Fi Technology
Wi-Fi ဆိုသည်မှာ Wireless Fidelity ဖြစ်ပါသည်။ Wifi သည် Wireless Local Area Network (WLAN) အတွက်အသုံးပြုသည့်နည်းပညာတစ်ခုဖြစ်ပါသည်။ယင်း Wifi သည် IEEE 802.11 Standard အားအခြေခံထားခြင်းဖြစ်ပါသည်။ Wifi သည် IEEE 802.11b Standard ဖြစ်သည့် Frequency 2.4GHz အားအသုံးပြုခဲ့သော်လည်း နောက်ပိုင်းတွင် IEEE 802.11 Standard များဖြစ်သည့် (802.11a,802.11b,802.11g,802.11n) Standards များတွင်ပါ အသုံးပြုနိုင်ပါသည်။



 Wifi နည်းပညာသည် sender နှင့် receiver အကြား Physical Wire Connection ဖြင့်အလုပ်မလုပ်ဘဲ Radio Frequency ဖြင့်သာ Data များပေးပို့ခြင်းနှင့်လက်ခံ ခြင်းများပြုလုပ်ကြပါသည်။ RF Current များအား Antenna ဆီသို့ပေးပို့ပြီး ထိုမှတဆင့် Electromagnetic Field ဖန်တီးကာ လေဟာနယ်မှတဆင့် Propagate ပြုလုပ်ပေးခြင်းပင်ဖြစ်ပါ သည်။ 


ထိုသို့ RF အားအသုံးပြုပြီး Data များပေးပို့လက်ခံရန်အတွက် မည်သည့် Wifi Network မဆို Access Point လိုအပ်မည်ဖြစ်ပါသည်။ Access Point သည် Infrastructure Mode အတွက်အသုံးပြုသောကြားခံပစ္စည်းတစ်ခု ဖြစ်ပါသည်။ Wireless Network အတွင်း wireless client များအပြန်အလှန်ချိတ်ဆက်မိစေရန် အတွက်အသုံးပြုသော ပစ္စည်းဖြစ်သည်။ယင်း Access Point တွင်အောက်ဖော်ပြပါ Mode (၃) ခုပါ ဝင်ပါသည်-

၁) Root Mode
၂) Repeater Mode
၃) Bridge Mode တို့ဖြစ်ပါသည်။


၁) Root Mode
Root Mode ဆိုသည်မှာယင်း Access Point မှတဆင့် Wire Network သို့ချိတ်ဆက် ခြင်းဖြစ်သည်။ Access Point မှ Wire Network သို့ချိတ်ဆက်ရာတွင် ယင်း Access Point တွင် ပါရှိသည့် Ethernet Interface ဖြင့်တိုက်ရိုက်ချိတ်ဆက်ပါသည်။

၂ ) Repeater Mode
Repeater Mode ဆိုသည်မှာ Access Point မှတိုက်ရိုက်ချိတ်ထားသည့် အခြားသော Access Point မှတဆင့် Wire Network သို့ထပ်မံချိတ်ဆက်ခြင်းဖြစ်သည်။တနည်းအားဖြင့် Repeater Mode အားအသုံးပြုထားသည့် Access Point သည် Upstream (Root Mode) အားအသုံးပြုထားသည့် Access Point နှင့်ချိတ်ဆက်ကာ Wire Network သို့ထပ်မံချိတ်ဆက် ခြင်းဖြစ်ပါသည်။

၃ ) Brigde Mode
Bridge Mode ဆိုသည်မှာ မတူညီသည့် Access Point နှစ်ခုအကြားအချင်းချင်း အပြန် အလှန်ချိတ်ဆက်မိစေရန်အတွက် အသုံးပြုသော Mode ဖြစ်ပါသည်။ နောက်ထပ် Wireless Antenna များအကြောင်းကို ထပ်မံ ရှင်းပြပါ့မယ် ။

Wireless Antenna များ
Wireless Network အား အကွာအဝေးပိုမိုချိတ်ဆက်မိစေရန်နှင့် IEEE 802.11 Standard \ Range အားတိုးချဲ့စေရန်အတွက် External Antenna များအား အသုံးပြုဖို့ လိုအပ်လာပါတယ် ။ ( Hand made Antenna များဖြင့် ပြုလုပ်နိုင်သော်လည်း ထိရောက်မှု သိပ်မရှိလှတာကို တွေ့ရပါတယ် ) Wireless Network တွင် အဓိက အားဖြင့် အောက်ဖော်ပြပါ Antenna များအား အသုံးပြုကြပါသည် ။

၁) Omni Directional Antenna
၂) Directional Antenna တို့ဖြစ်ပါသည်။


၁ ) Omni Directional Antenna






Omni Directional Antenna သည် Common Base Antenna အမျိုးအစားဖြစ်ပြီး Point-to Multipoint စနစ်ဖြစ်ပါသည်။ ယင်း Antenna သည် အခြားသော Computer ၊ Laptop ၊ PDA များဆီသို့ Signal များအား Distribute ပြုလုပ်သည့်အခါတွင် Main Antenna အဖြစ်အသုံးပြုပါသည်။ Omni Directional Antennaတွင် Wireless Wave များသည် 360 ဒီဂရီ အတိုင်းသွားပါသည်။ထို့ကြောင့် Point-to-Point system တွင်ယင်း Antenna အားအသုံး ပြုမည်ဆိုပါက Signal range နည်းမည်ဖြစ်ပါသည်။ထို့ကြောင့် Point-to-Point system အတွက် Omni Directional Antenna အား recommend မပြုလုပ်ကြပါ။ Omni directional Antenna အား Indoor Unit များအတွက်သာ အသုံးများပါသည်။

၂ )Directional Antenna

Directional Antenna များအား Outdoor Unit များတွင် အသုံးပြုကြပါသည်။ ယင်း Antenna များသည် Signal Wave အား 45 ဒီဂရီအတိုင်းသွားပါသည်။ Directional Antenna များအား Point-to-Point System များအတွက်အသုံးပြုကြပြီး၊ တစ်ခါတစ်ရံတွင် တပ်ဆင်သည့်အ ပေါ်မူတည်၍ Multipoint System အတွက်လည်းအသုံးပြုကြပါသည်။ အောက်ဆုံးက အင်တင်နာဆိုရင် ထိုင်းဘတ် ( ၉၀၀ ) လောက် တော့ ရှိပါတယ် ။ 

Ref: by mmhackforums,Shwekoyantaw blog မှတဆင့်မျှဝေပါသည်။

0 comments:

Post a Comment