Pages

Monday, July 16, 2012

အာဇာနည်နေ့ တက်ရောက်သူများ ယူဆောင်ခွင့်မရှိသည့် ပစ္စည်းစာရင်းထုတ်ပြန်


၆၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကို တက်ရောက် လာမည့် မည်သူမဆို ပန်းခွေ၊ ပန်းစည်းအမျိုး မျိုး၊ပန်းခြင်း၊ကင်မရာ အမျိးမျိုး၊လက်ကိုင် ဖုန်းအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး တို့ကို ယူဆောင်ခွင့်ပြု မည်မဟုတ်ကြောင်း ကျင်းပရေးကော်မတီက ကြိုတင်သတိပေး ကြေငြာလိုက် ကြောင်း ဇူလိုင်၁၆ရက်နေ့ နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြပါရှိသည်။


ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အစိုးရသစ်တက်လာပြီး ဒုတိယ အကြိမ်မြောက်ကျင်း ပသည့် အခမ်း အနား လည်းဖြစ်သည်။ ပထမအကြိမ်အခမ်း အနားတွင်လည်းအဆိုပါပစ္စည်းများ ယူဆောင် ခွင့် မပြုခဲ့ပေ။
Ref: Yangon Media:

0 comments:

Post a Comment