Pages

Friday, June 29, 2012

မြန်မာနိုင်ငံကို အင်္ဂလိပ်ဘာသာနဲ့ ဘားမား လို့ ခေါ်ဝေါ်သုံးနှုန်းတာဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မထေမဲ့မြင် ပြုရာ မရောက်ကြောင်း ဦးဉာဏ်ဝင်းက ပြောကြား


မြန်မာနိုင်ငံကို အင်္ဂလိပ်ဘာသာနဲ့ ဘားမား လို့ ခေါ်ဝေါ်သုံးနှုန်းတာဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မထေမဲ့မြင် ပြုရာ မရောက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားလိုက်
ပါတယ်။

နိုင်ငံတော်အမည်ကို Burma ဘားမား ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ပြောဆို သုံးနှုန်းနေတာကို မြန်မာ လို့သာ ခေါ်ဆို အသုံးပြုဖို့ 
အသိပေး အကြောင်းကြားထားကြောင်း ဒီကနေ့ အစိုးရထုတ် သတင်းမီဒီယာတွေမှာ ဖော်ပြထားတာနဲ့ ပတ်သက်ပြီး
 ဦးဉာဏ်ဝင်းက အခုလို တုန့်ပြန်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒီအခေါ်အဝေါ်နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်က အခုလို အသိပေး အကြောင်းကြားတဲ့ ကိစ္စဟာ ပြဿနာကြီး တရပ် မဟုတ်ကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောဆိုပါတယ်။
Ref: RFA (Burmese)

0 comments:

Post a Comment