Pages

Friday, June 29, 2012

သောက်ရေကန်အဆိပ်ခတ်မှုကြောင့် မြေပုံမြို့တွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများကြားတင်းမာမူဖြစ်ပွား





ရန်ကုန်၊ ဇွန် - ၂၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့ဈေးအနီး တစ်ရာတန်သောက်ရေကန်တွင် အဆိပ်ခတ်မှုကြောင့် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများကြား ယနေ့ မွန်းလွဲပိုင်းမှစတင်၍ နှစ်ဖက်တင်းမာမှုစတင်ဖြစ်ပွားခဲ့ကြောင်း မြေပုံမြို့ခံများက 7Day News သို့ပြောကြားသည်။


တစ်ရာတန်ကန်တွင် ငါးများ သေဆုံးနေခြင်းတွေ့ရှိရာမှ ယင်းကန်အား အဆိပ်ခတ်ခြင်းရှိ၊ မရှိ အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဆရာဝန်ကြီးနှင့် မြို့မိမြို့ဖများက နေ့လယ် ၁ နာရီ၌ သွားရောက်စစ်ဆေးခဲ့သည်။ အဆိပ်ခတ်ထားသည်မှာ သေချာသောကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများက မြေပုံမြို့ပေါ်တွင် ယင်းကန်ရေ သောက်သုံးခြင်းမပြုကြရန် အသံချဲ့စက်များဖြင့် လိုက်လံအသိပေးခဲ့ကြောင်း မြေပုံမြို့နေ ကိုထွန်းထွန်းနိုင်ကပြောသည်။

လူနှစ်ဦး သေဆုံးခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း သေဆုံးမှုမရှိကြောင်း မြို့ခံအများစုကပြောသည်။
ယနေ့ မွန်းလွဲ ၁၂ နာရီခန့်က နှစ်ဖက်တင်းမာရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သော်လည်း နေ့လယ် ၃ နာရီတွင် ငြိမ်သက်သွားကြောင်း၊ မြေပုံမြို့ပေါ်တွင် တစ်ရာတန်ကန်အပြင် ကန်ဒူကြီးကန်ရှိပြီး ယင်းကန်မှာမူ အဆိပ်ခတ်ထားခြင်းမရှိကြောင်း လိုက်လံစစ်ဆေးရာတွင် လိုက်ပါခဲ့သူ ဦးဘခင်ကပြောသည်။



Ref: 7days News Media

0 comments:

Post a Comment