Pages
Friday, June 29, 2012
မှော်ဘီမြို့နယ်အတွင်းရှိ နေအိမ်အတွင်းသို့ဝင်ရောက်ကာအမျိုးသားတစ်ဦးအား ဓားဖြင့် ထိုးသတ်ခဲ့သော တရားခံအမျိုးသား(၃)ဦးအားယနေ့စွဲချက်တင်
မှော်ဘီမြို့နယ်အတွင်းရှိ နေအိမ်အတွင်းသို့ဝင်ရောက်ကာ အိပ်စက်နေသော အမျိုးသားတစ်ဦးအား ဓားဖြင့် ထိုးသတ်ခဲ့သော တရားခံအမျိုးသား(၃)ဦးအား ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တရားရုံးသို့ ယနေ့ ပို့ဆောင် စွဲချက်တင် လိုက်ပြီဖြစ်ကြောင်း  မှော်ဘီရဲစခန်းက သိရှိရသည်။
ဖြစ်စဉ်မှာ မှော်ဘီမြို့နယ် ရန်ကုန်-ပြည်လမ်း၊ (၃)ရပ်ကွက်တွင် ဇွန်လ ၉ ရက် နံနက်(၁)နာရီခွဲတွင် အသက်ခံ ရသူ အမျိုးသား၏ အိပ်ခန်းတွင် ဇနီးဖြစ်သူနှင့် အိပ်နေစဉ် ရုတ်တရက် အသက် (၃၀)၀န်းကျင်ရှိ အမျိုးသား သုံးဦးက ခင်ပွန်းဖြစ်သူအား လုံးထွေးရိုက်နှက်၍ ဓါးဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။
သူတို့က အိမ်နံရံဖေါက်ပြီး ၀င်ခိုးတာပါ။ ခိုးရင်းနဲ့ လူတွေ နိုးသွားတော့ လန့် ပြီး အော်တော့ လူသတ်မှုကျူးလွန် ခဲ့ တာပါပာု မှော်ဘီရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါဝင်ရောက်ဖောက်ထွင်းမှုတွင် ယခင်က အဆိုပါနေအိမ်သို့ ဆန်လာပို့နေသူ ဇင်ကိုကိုထက်
ဆိုသူ ကလမ်းပြကာ သန်းထူးအောင်၊ကိုကိုအောင်တို့ကို ခေါ်ဆောင်ကာ ခိုးယူသတ်ဖြက်ခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါအပြုအမှုကြောင့်  ဇနီးဖြစ်သူဒေါ်ဝင်းမှာ ပတ်ဝန်းကျင်သို့ အော်ဟစ် အကူအညီတောင်းရာ ၄င်းကိုပါ သံတုတ်ဖြင့် ရိုက်နှက်၍ ထွက်ပြေးသွားခဲ့ကြောင်းကိုလည်း သိရသည်။ အုတ်ဖောက်ထားတဲ့ နေရာမှာ ဇင်ကိုကိုအောင်ရဲ့ နာရီကျန်ခဲ့ တယ် ။ 
အဲ့ဒါကြောင့် နောက်နေ့ မနက်မှာပဲ ဖမ်းမိခဲ့ တာပါ။ပာ အထက်ပါ မှော်ဘီရဲစခန်းတာဝန်ရှိသူက ဆက်ပြောသည်။
 ဗိုက်တစ်ချက် ၂ချက် တောင်ဆင့် ထိုးပြီးသတ်သွားတာပါဟု မှော်ဘီ(၃)ရပ်ကွက် အတွင်းရှိ ကွန်းယာဆိုင်တစ်ဆိုင်က အမျိုးသမီး တစ်ဦးကပြောသည်။
အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ မှော်ဘီရဲစခန်းက(ပ)၄၁၆/၁၂၊ ပုဒ်မ ၃၀၂/၃၂၅ ဖြင့်အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူ အမျိုးသား(၃)ဦးအား ဇွန်လ (၁၀)ရက်နေ့ တွင် ဖမ်းဆီးရမိပြီးလိုအပ်သည့် အရေးယူဆောင်ရွက်မှုများအား ပြုလုပ်ခဲ့ကြောင်းကိုလည်း သိရှိရသည်။ 
စောဇင်ညီ(မြစ်မခ)
0 comments:
Post a Comment