Pages

Friday, June 29, 2012

ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေ အတွင်း ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ လူမှုရေး အကူအညီပေးနေတဲ့ ၀န်ထမ်းတစ်ချို့ကို အစိုးရက ဖမ်းဆီး ထိမ်းသိမ်းထား


ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေ အတွင်း သူတို့ရဲ့ ၀န်ထမ်းတစ်ချို့ကို အစိုးရက ဖမ်းဆီး ထိမ်းသိမ်းထားကြောင်း နဲ့ သူတို့အားလုံး လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြောင်း ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ လူမှုရေး အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေက ဒီကနေ့ ပြောဆိုပါတယ်။

နယ်စီးမခြား ဆရာဝန်များအဖွဲ့ Doctors Without Borders အဖွဲ့ရဲ့ ၀န်ထမ်း ၆ ဦး အပါအ၀င် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP နဲ့ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီက ၀န်ထမ်း ၆ ဦးလောက် ဖမ်းဆီး ထိမ်းသိမ်းခံထားရတယ်လို့ ထုတ်ဖေါ်ပြောဆိုပါတယ်။

အဲဒီဝန်ထမ်းတွေဟာ ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေသူတွေကို စားနပ်ရိက္ခာ အကူအညီ ပေးနေသူတွေ
ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဖမ်းဆီးခံရသူတွေထဲက တစ်ဦးတော့ ပြန်လွတ်လာပြီလို့ အတည်ပြုလို့ မရသေးတဲ့ သတင်းအရ သိရကြောင်းလည်း ပြောပါတယ်။ သူတို့အားလုံးကို ဘယ်လိုအကြောင်းနဲ့ ဖမ်းဆီးထားသလဲ ဆိုတာကိုလည်း မသိရသေးကြောင်းဆိုပါတယ်။

ဇွန်လ အစောပိုင်းကတည်းက ရခိုင်ပြည်နယ်မှာ အရေးပေါ် ဥပဒေကြေငြာခဲ့ပြီး ချိန်ကတည်းက အစိုးရ ရဲတပ်ဖွဲ့ နဲ့
 ထောက်လှမ်းရေးတွေဟာ ဆက်တိုက် လိုက်လံ စုံစမ်းနေကြောင်းလည်း သိရပါတယ်။

Ref: RFA(Burmese)

0 comments:

Post a Comment