Pages

Thursday, June 14, 2012

စစ်တွေမြို့ ဆေးရုံကြီးအနီး ရေမြောင်းအတွင်း ဘင်္ဂါလီအလောင်းတစ်လောင်း မျောပါလာ

စစ်တွေမြို့ ဆေးရုံကြီးအနီး ရေမြောင်းအတွင်း ဘင်္ဂါလီအလောင်းတစ်လောင်း မျောပါလာ



စစ်တွေမြို့ ဆေးရုံကြီးအနီး ရေမြောင်းအတွင်း ဘင်္ဂါလီအလောင်းတစ်လောင်း မျောပါလာသည်ကို
 တွေ့ရှိခဲ့ရကြောင်းနှင့် အဆိုပါအလောင်းသည် အောင်မင်္ဂလာရပ်ကွက် (သို့) မကျည်းမြိုင်ရပ်ကွက်ဘက်
မှ မျောပါလာခြင်းဖြစ်သည်ဟု စစ်တွေမြို့ခံများက ခန့်မှန်းကြပါသည်။ ယခု စစ်တွေအဓိကရုဏ်းကြောင့်
ဗုဓဘာသာရခိုင်လူမျိုးများရော ဘင်္ဂါလီရိုဟင်ဂျာများဘက်ကပါ ထိခိုက်သေးဆုံးမူများ အများအပြား
ရှိခဲ့ကြောင်းလဲသိရပါသည်။


 အဆိုပါနေရာသို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်မှ ဇွန်လ ၁၄ ရက် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် သတင်းပေးပို့ပါသည်။

စစ်တွေမြို့တွင် မိုးအရမ်းရွာနေသည့်အတွက် မီးလောင်မှုတွေ ယမန်နေ့(ဇွန်လ ၁၃ရက်)ကဲ့သို့ မရှိကြောင်း သိရသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး ဦးသာလူချေနှင့်အဖွဲ့က အိုးမဲ့အိမ်မဲ့ဖြစ်နေသော၊ စားဝတ်နေရေး အခက်အခဲဖြစ်နေသော သဲချောင်းရွာ၊ ပလ္လင်ပြင်ရွာ၊ အောင်ဒိုင်ရွာ၊ ဇောပူဂျာရွာတွေကို ဆန်တွေ သွားပေးရန် ပြင်ဆင်နေကြသည်ဟု သိရှိရသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ဗီဂျေးနမ်ဗီယာသည် ဇွန်လ ၁၄ ရက်နေ့ ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် စစ်တွေလေဆိပ်သို့ ရောက်ရှိလာပြီး ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရပြီး လာရောက်ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်၍ မီဒီယာများ၏ မေမြန်းမှုကို ဖြေကြားခြင်းမရှိခဲ့ကြောင်း သိရသည်။

Eleven Media Group:

0 comments:

Post a Comment