Pages

Thursday, June 14, 2012

မောင်တောမြို့တွင်း ဇွန် ၁၄ရက် မွန်းလွဲ ၁း၃၀ အခြေနေ

မောင်တောမြို့တွင်း ဇွန် ၁၄ရက် မွန်းလွဲ ၁း၃၀ အခြေနေ   
Photo: သဲချောင်းဘက်သို့ ရွှေပြောင်းနေသည့် ဘင်္ဂလီများကို ဇွန်လ (၁၂)ရက်နေ့က တွေ့ရစဉ်
မောင်တောမြို့တွင်း ယနေ့ အခြေအနေမှာ နံနက်ပိုင်းမှစ၍ မွန်းလွဲ ၁း၃၀ နာရီထိ အေးဆေးတည်
ငြိမ်လျက်ရှိပြီး မိုးသည်းသည်းမဲမဲ ရွာသွန်းလျက်ရှိကာ လူအများစု အိမ်အပြင်မထွက်ကြကြောင်း သိရသည်။ 
ထို့အတူ မောင်တောမြို့ပေါ်ရှိ ဘဏ်များမှာ မွန်းတည့် ၁၂ နာရီထိသာ ဖွင့်လှစ်ကြောင်း သိရသည်။ ထို့အပြင် မောင်တောမြို့ပေါ်တွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေး စခန်း ၄ ခု ကို လူမှုရေး အဖွဲ့အစည်းများက စားနပ်ရိက္ခာများ ပေးပို့ကူညီလျက်ရှိကြောင်း သိရပါသည်။


ဘင်္ဂါလီရိုဟင်ဂျာများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၃ လုံး ပျက်စီးခဲ့သည့် ဝေသာလီရွာမှ ရခိုင် တိုင်းရင်းသားများအား ဝေသာလီရွာသို့ ပြန်လည် နေထိုင်ကြရန် တာဝန်ရှိသူများက ယနေ့ပြောကြားလိုက်သည်။
 ဝေသာလီရွာသားများသည် ယခုအခါ ၄င်းတို့ရွာတွင် ပြန်လည်နေထိုင်လျက် ရှိကြောင်း သိရှိရပါသည်။ အဆိုပါ ဝေသာလီရွာသည် နစက စခန်းနှင့် အနီးပတ်ဝန်းကျင်တွင် ရှိသော ကျေးရွာဖြစ်ကြောင်း သိရပါသည်။ မောင်တောမြို့ပေါ်တွင် ညနေပိုင်း၌ သက်ဆိုင်ရာက ပုဒ်မ ၁၄၄ နှင့်ပတ်သက်၍ လှည့်လည်ကြေငြာကြောင်း သိရပါသည်။
မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများမှ တိမ်းရှောင်လာသူများအား ကယ်ဆယ်ရေးစခန်း ၃ ခုတွင် နေရာချထားလျက်ရှိပြီး အဆိုပါ နေရာများမှာ ဖားဝက်ချောင်း ကျေးရွာကယ်ဆယ်ရေးစခန်း၊ ၊ ငါးခူရ ကျေးရွာ ကယ်ဆယ်ရေးစခန်း၊ ကျီးကန်းပြင် ဌာနချုပ် တို့ဖြစ်ကြ ကြောင်းသိရသည်။ 
ဖားဝက်ချောင်း ကျေးရွာကယ်ဆယ်ရေးစခန်းတွင် လူပေါင်း ၅၀၀ ကျော် ၊ ငါးခူရ ကျေးရွာ ကယ်ဆယ်ရေးစခန်းတွင် ၇၂၀ ခန့် ၊ ကျီးကန်းပြင် ဌာနချုပ်တွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေး စခန်းတွင် ကျောင်းဆရာ၊ဆရာမ ၄၀ တို့ ခိုလှုံလျက်ရှိပြီး အဆိုပါ ကယ်ဆယ်ရေးစခန်း ၃ နေရာတွင် စားနပ်ရိက္ခာအတွက် အခက်အခဲဖြစ်ပေါ်လျက် ရှိကြောင်းနှင့် မောင်တောမြို့ပေါ်မှ ၄င်းတို့အား စားနပ်ရိက္ခာများ သွားရောက်ပေးပို့ရန် လတ်တလောတွင် အခက်အခဲ ရှိနေပြီး မနက်ဖြန် ဇွန်လ ၁၅ ရက်တွင် သွားရောက် ပေးပို့ရန် စီစဉ်နေကြောင်း သိရှိရသည်။
Eleven Media Group:

0 comments:

Post a Comment