Pages

Thursday, June 14, 2012

ရေနစ်တဲ့အခန်းရိုက်ရင်း တကယ်ရေနစ်သွားခဲ့ရတဲ့ ဝတ်မှုံရွှေရည်ရဲ့အဖြစ်




 ရေနစ်တဲ့အခန်းရိုက်ရင်း တကယ်ရေနစ်သွားခဲ့ရတဲ့ ဝတ်မှုံရွှေရည်ရဲ့အဖြစ်


 ပြင်ဦးလွင်မှာ ဒါရိုက်တာညီညီထွန်းလွင်၊ နေတိုးတို့နဲ့ ဇာတ်ကားရိုက်ကူးနေတဲ့ ဝတ်မှုံရွှေရည်က  လတ်တလောမှာ နေတိုးနဲ့ သရုပ်ဆောင်ထားတဲ့ “ပင်လယ်ရေဘယ် မခန်း” ဆိုတဲ့ ဗီဒီယိုဇာတ်ကား ထွက်ရှိထားပါတယ်။

 ချောင်းသာမှာ ရိုက်ကူးတဲ့ ဒီဇာတ်ကားဟာ ဆိုင်တက်အားကောင်းတယ်လို့ ကြားကြောင်း ပြောတဲ့ ဝတ်မှုံရွှေရည် က…”ဒီဇာတ်ကားက ပရိသတ်လည်း အပြောင်းအလဲဖြစ်အောင်ပါ။


ကိုနေတိုးနဲ့ ချောင်းသာမှာစရိုက်တဲ့ ဇာတ်ကားတုန်းကဆိုလည်း ပေါက်တယ်လေ။ ဒါကြောင့် အခုလည်း ဒီမောင်နှမတွေ ပျော်ပျော် ပါးပါးနဲ့ ရိုက်ကူးခဲ့ကြတာ၊ ပျော်ဖို့ကောင်းပါတယ်။ အဲဒီမှာ ကိုနေတိုး ကရေငုပ်ပြီးလာတဲ့အခန်းမှာ ကစ်ရေထဲကျသွားတဲ့အခန်းဆို တကယ် ရေနစ်သွားတယ်။ တစ်ခါတလေကျရင် ရိုက်နေရင်းနဲ့ တကယ်ဖြစ် သွားတာတွေရှိတယ်။

ကစ်က ရေကြောက်တယ်။ ရေနစ်တဲ့အခန်း ရိုက်ရမယ်ဆို ပိုကြောက်တယ်။ တကယ် နစ်သွားမှာကို ကြောက်တာ။ ရေနစ်တဲ့အခန်းကို ရိုက်ရင် တကယ် ရေနစ် တယ်။ ဘယ်တော့မဆို ဝတ်မှုံရွှေရည် ရေနစ်တဲ့အခန်းတွေဆို တအားပီပြင်တယ်။ ဘာကြောင့်လဲဆိုတော့ တကယ်ရေနစ်လို့ လေ။ ဒီမှာဆိုလည်း ဟိုနေ့က ဒါရိုက်တာ ညီညီထွန်းလွင်နဲ့ ရိုက်တဲ့ကားမှာ ရေနစ်တဲ့ အခန်းပါတယ်။ သူတို့က ချောင်းထဲမှာရိုက်မယ်လို့ ပြောတယ်။

 ချောင်းက သွားကြည့်တော့ မြစ်ကနေစီးတဲ့ရေဖြစ်နေတယ်။ ဆည်လိုမျိုးပေါ့။ အဲဒီတုန်းကဆို လူကလုံးဝကိုရှော့ခ် ရသွားတာ။ တောင်းပန်ပါတယ်၊ မရိုက်ပါရစေနဲ့၊ ကြောက်တယ်ဆိုပြီး ငိုတာ။ ရိုက်မယ်ဆိုရင်လည်း တစ်ယောက်ယောက်က စောင့်ပေးဆိုပြီး ပြောတာ။ ဦးညီကိုလည်း ရိုက်ပြီးတာနဲ့ ကတ် ဆိုတာကို တစ်ခါတည်းအော်ပေးနော်။ စက်အဖွဲ့ သမားတွေကိုလည်း ကစ်ကိုလာခေါ်နော်။ အနားမှာနေကြနော်ဆိုပြီး ကြောက်ကြောက် နဲ့ ရိုက်ရ တယ်။ အဲဒီလိုရေနစ်တဲ့ အခန်းရိုက်ရင် အမှတ်တရပါပဲ”လို့ဖွင့်ဟပါတယ်။

ကြော်ငြာတွေမှာလည်း ဝတ်မှုံရွှေရည် ရဲ့ ကြော်ငြာတွေပေါက်တာတွေ့ရပါတယ်။ ဘယ်လိုပြောရမလဲဆိုတဲ့ Oishiကြော်ငြာဆိုရင် ပရိသတ်တော်တော် ကြိုက်ကြပြီး Oishi လည်းရောင်းအား တော်တော်ကောင်းနေ
ကြောင်း သိရပါတယ်။ အခုလည်း ဝတ်မှုံရွှေရည် ပြင်ဦးလွင်ကိုရောက်နေတဲ့ အချိန်မှာ
 ကြော်ငြာရှင်တွေက ပြင်ဦးလွင် မှာ ကြော်ငြာ ၅ခု၊ ၆ခုလောက် လာရောက်ရိုက်ကူးမှာ ဖြစ်ကြောင်းလည်း ဝတ်မှုံရွှေရည်က ဆိုပါတယ်။

 အောက်တို ဘာလထဲမှာတော့ စင်ကာပူကို ဒီဗီဒီတစ်ကား သွားရောက် ရိုက်ကူးမှာဖြစ်ပြီး ပါဝင်မယ့် သရုပ်ဆောင်တွေကိုတော့ အတိအကျ မသိရသေးကြောင်း ဝတ်မှုံရွှေရည်က ပြောပါတယ်။

by: Popular Myanmar News

0 comments:

Post a Comment