Pages

Thursday, June 14, 2012

စစ်တွေမှာ မီးလောင်သွားတဲ့ အိမ်ပေါင်း ၁၆၀၀ ခန့် ရှိပြီ

စစ်တွေမှာ မီးလောင်သွားတဲ့ အိမ်ပေါင်း ၁၆၀၀ ခန့် ရှိပြီ


"ယခုလက်ရှိ စစ်တွေမှာ မီးလောင်သွားတဲ့ အိမ်ပေါင်း ၁၆၀၀ ခန့် ရှိပြီလို့ သိရတယ်။ မနေ့ညက စစ်တွေမြိုပေါ်မှာ မီးရှို့ဖို့ ကြိုးစားခဲ့တဲ့သူပေါင်း ၃၀ ခန့်ကို အစိုးရက ဖမ်းဆီးမေးမြန်း စစ်ဆေးနေတယ်။
အခုအချိန်မှာ ပေါက်တောမြို့၊ ငပြီကျွန်း၊ သရက်တောဘက်မှာ အိမ်ခြေ ၄၀၀ လောက်မှာရှိတဲ့ လူ ၃၀၀၀ ကျော်က စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ သိရတယ်"ဟု ဒေသခံတစ်ဦး
က ပြောကြားခဲ့သည်။

"ဒီနေ့ မနက် ၈ နာရီက ကယ်ဆယ်ရေးပစ္စည်းတွေ သယ်ဆောင်ထားတဲ့ သင်္ဘောတစ်စီး စစ်တွေကနေ ဘူးသီတောင်မြို့ကို ထွက်ခွာသွားတယ်လို့ သိရတယ်။

 အဲဒီပစ္စည်းတွေက ဘူးသီတောင်နဲ့ မောင်းတောမှာရှိတဲ့ အိုးမဲ့ အိမ်မဲ့ ပြည်သူတွေကို ကူညီထောက်ပံ့ဖို့ အတွက် ဖြစ်တယ်လို့ သိရတယ်။" ဟု စစ်တွေမြို့ရှိ Eleven Media Group သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

Eleven Media Group (သတင်းထောက်)

0 comments:

Post a Comment