Pages

Monday, June 25, 2012

နေပြည်တော်ခရိုင်မှာရှိတဲ့ ကျောင်းသူကျောင်းသားတွေ ဘာသာရပ်ဆိုင်ရာရွေးချယ်ခွင့်ပိတ်ပင်ခံထားရ


နေပြည်တော်ခရိုင်မှာရှိတဲ့ ကျောင်းသူကျောင်းသားတွေ ဘာသာရပ်ဆိုင်ရာရွေးချယ်ခွင့်ပိတ်ပင်ခံထားရ


မန္တလေးအဝေးသင် တက္ကသိုလ် ကျောက်ဆည်ဌာနခွဲကနေ နေပြည်တော်ခရိုင်အတွင်း တက္ကသိုလ်ဝင်တန်းအောင်မြင်
တဲ့ကျောင်းသူကျောင်းသားတွေကို သိပ္ပံဘာသာရပ်တွေကို ရွေးချယ်ခွင့်မပေးပဲကန့်သတ်ထားတယ်လို့ မနေ့ကရက်စွဲနဲ့ ဗမာနိုင်ငံလုံး
ဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နေပြည်တော်ခရိုင်)က သတင်းထုတ်ပြန်ထားပါတယ်။ 

ဒါကြောင့် ကျောင်းသူကျောင်းသားတွေအနေနဲ့ ပညာရပ်ဆိုင်လေ့လာမှုတွေမှာ အခက်အခဲတွေအများကြီးရင်ဆိုင်ကြရတယ်လို့ 

ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီရဲ့ အတွင်းရေးမှုး မဖြိုးဖြိုးအောင် က ပြောပြပါတယ်။

သိပ္ပံတွဲနဲ့ ဆယ်တန်းစာမေးပွဲအောင်လာတဲ့ ကျောင်းသူကျောင်းသားတွေ အတွက် အခုလို အကန့်အသတ်တွေကြောင့် သူတို့ မသင်ကြားခဲ့ရတဲ့ ပထ၀ီ၊ သမိုင်းစတဲ့ဝိဇ္ဇာဘာသာရပ်တွေကို အဝေးသင်တက္ကသိုလ်ရောက်မှ မဖြစ်မနေယူပြီးသင်ကြားနေကြရပါတယ်။

သိပ္ပံဘာသာရပ်တွေရွေးချယ်ယူခွင့် ပိတ်ပင်ခံထားရတဲ့ကျောင်းသူကျောင်းသားတွေဟာ နေပြည်တော်ခရိုင်အတွင်း

 ပျဉ်းမနား၊ လယ်ဝေး (အေလာ)၊ တပ်ကုန်း၊ ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ဇေယျာသီရိ၊ ဒက္ခိဏသီရိစတဲ့နယ်မြေတွေမှာ နေထိုင်နေကြသူတွေ ဖြစ်တယ်လို့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။


RFA (Burmese)

0 comments:

Post a Comment