Pages

Monday, June 25, 2012

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေအမှတ်သို့ရောက်ရှိနေ

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေအမှတ်သို့ရောက်ရှိနေ





ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့တင် ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေအမှတ်သို့ရောက်ရှိနေပြီး မြစ်ကမ်းနားတွင်နေထိုင်သူများမှာ မြစ်ရေကို စောင့်ကြည့်နေကြကြောင်း မြစ်ကြီးနားမြို့ခံတစ်ဦးကပြောကြားသည်။ 




မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ၀န်ကြီးဌာန၀က်ဘ်ဆိုက်တွင် မြစ်ကြီးနားမြို့တွင် ယနေ့ နံနက် ၁၀နာရီ၃၀မိနစ်အချိန် တိုင်းထွာချက်များအရ စိုးရိမ်ရေအမှတ် ၁၁၁၂ စင်တီမီတာ သို့ရောက်ရှိနေပြီး နောက်၂၄နာရီအတွင်း စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာ သို့ရောက်ရှိနိုင်ကြောင်း မြစ်ရေကြီးမှုသတိပေးကြေညာချက်တစ်ရပ်အနေနှင့် ယနေ့ နံနက် ၁၁နာရီက ထုတ်ပြန်ကြေညာထားသည်။





လက်ရှိအခြေအနေတွင် မြစ်နှင့်နီးသော ရပ်ကွက်များဖြစ်သည့် စီတာပူ၊ သီတာရပ်ကွက်များအတွင်း မြစ်ရေများဝင်ရောက်လျက်ရှိပြီး မြစ်နှင့်နီးသောနေရာတွင် နေထိုင်သူများသည် မိမိတို့၏ ပစ္စည်းများ ကို ရေလွတ်ရာ အမြင့်နေရာများသို့ ရွေ့ပြောင်းနေကြ ကြောင်း မြို့ခံတစ်ဦးကပြောကြားသည်။


“အခုတော့ စောင့်ကြည့်နေကြတာပဲ။ ဒီ့ထက် တစ်လက်မလောက်တက်လာရင်တော့ ရပ်ကွက်တော်တော်များများမြုပ်လောက်တယ်”ဟု မြစ်ကြီးနားမြို့ခံတစ်ဦးကပြောသည်။


မြစ်ကြီးနားမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းမရှိသော်လည်း အထက်ဘက်တွင် မိုးသည်းထန်သဖြင့် ယခုကဲ့သို့ မြစ်ရေများတက်လာခြင်းဖြစ်ကြောင်း ဒေသခံများကပြောကြားသည်

Ref :7days News


0 comments:

Post a Comment