Pages

Monday, June 25, 2012

ကချင်ပြည်၊ ချီဖွေမြို့နယ် ရှငေါ်ကျေးရွာတွင် ဇွန်လ (၁၇) ရက်နေ့မှ စတင်ပြီး ပေါ်တာဆွဲခံနေရကြောင်း ဒေသခံများကပြောပြ


ကချင်ပြည်၊ ချီဖွေမြို့နယ် ရှငေါ်ကျေးရွာတွင် ဇွန်လ (၁၇) ရက်နေ့မှ စတင်ပြီး ပေါ်တာဆွဲခံနေရကြောင်း ဒေသခံများကပြောပြ

ကချင်ပြည်၊ ချီဖွေမြို့နယ် ရှငေါ်ကျေးရွာတွင် ဇွန်လ (၁၇) ရက်နေ့မှ စတင်ကာပြောင်းရွှေ့အလုပ်သမားများနှင့် ဒေသခံများအား  ပေါ်တာဆွဲခံနေရကြောင်းချီဖွေဒေသခံတို့က ဆိုသည်။ 


ဇွန်လ (၁၇)ရက်နေ့ တစ်နေ့တည်းပင် ပြောင်းရွှေ့အလုပ်သမားများနှင့် ဒေသခံ(၄၅) ဦးအား  ပေါ်တာဆွဲခေါ်သွားကြောင်း   ဒေသခံတစ်ဦးက ပြောသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)နှင့်အစိုးရတပ်များသည်တရုတ်- ကချင်ပြည်နယ် နယ်စပ် ပန်ဝါမြို့တွင် စစ်ပွဲများ
အနည်းအကျဉ်းဆက်လက်ဖြစ်ပွားနေသောကြောင့် နှစ်ဖက်စစ်ကြောင်းများ ရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။


ရှငေါ် ဒေသခံများလည်း နှစ်ဖက် စစ်ကြောင်းများ ထိုးတက်နေခြင်းကြောင့် အသက်၁၈ နှစ်အထက်aယာင်္ကျားလေးများ   တောထဲသို့  မကြာခဏရှောင်ပြေးနေရကြောင်းကိုလည်း သိရှိရသည်။
“စစ်ကြောင်းဝင်တာ ကြားတာနဲ့ တောထဲဝင် ပြေးပုန်းရတယ်။
သူတို့တွေကျော်သွားမှ ရွာထဲကို ပြန်လာ ရတယ်။”ဟု ရှငေါ်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပေါ်တာဆွဲခံရသူများတွင် ပြောင်းရွှေ့ရွှေလုပ်သားများဖြစ်သည့်ရခိုင်တိုင်းရင်းသား (၁၅)ဦးပါဝင် ကြောင်းကိုလည်း သိရှိရသည်။
ရှငေါ်ကျေးရွာသည် ၂၀၀၀ခုနစ်မှ စပြီး ရွှေတူးဖော်ခြင်းလုပ်ငန်းများလုပ်ကိုင်ကာ ရွှေမှော်ဖြစ်လာသည်။ အဆိုပါရွာတွင် ဒေသခံ
အိမ်ထောင်စု (၃၀)နီးပါးရှိပြီး၊ ရွှေတူးဖော်ရေးလုပ်သားများနှင့်ပေါင်းပါကလူဦးရေ (၁၅၀၀)၀န်းကျင် နေထိုင်ကြောင်းကိုလည်း  သိရှိရသည်။


 ထိုဒေသတွင် ပြောင်းရွှေ့လုပ်သားများမှ တရုတ်၊ ရခိုင်၊ ကရင်၊ ချင်းနှင့်ကချင်တိုင်းရင်းသားများ အများဆုံး   နေထိုင်ကြောင်းဒေသခံတို့က ဆိုသည်။
 စစ်ကြောင်းများကြောင့် ရွှေလုပ်ငန်းရှင်များလည်း အလုပ်ရပ်နားလိုက်ရပြီး၎င်းတို့၏ ရွှေလုပ်သား(ကျဉ်းသား)
   များမှာလည်း အလုပ်လက်မဲ့ဖြစ်နေကြသည်။

မြစ်မခသတင်းမီဒီယာ

0 comments:

Post a Comment