- Yangon Press International:
မေ ၃၁၊ ၂၀၁၂ခုနှစ် (YPI)
လွန်ခဲ့သည့် ၁၂ နှစ်က စတင်ခဲ့သည့် တာမွေ အခွန်လွတ်ဈေးမှ ဆိုင်ခန်း ၅၀ ကျော်ကို စည်ပင်၊ ရဲ၊ မြို့နယ်အုပ်ချုပ်ရေး၊ ခရိုင်အုပ်ချုပ်ရေး၊ အရန်မီးသတ်တို့ပါဝင်သည့် အင်အား ၃၀၀ ဖြင့် ယနေ့နံနက်ပိုင်းက ဖျက်သိမ်းခဲ့သည်။
ယင်းမြေနေရာသည် ၁၉၈၈ အရေးအခင်းမဖြစ်မီက ခရစ်ယာန်သချိုင်းမြေဖြစ်၍ အရေးအခင်းကာလနောက်ပိုင်း သချိုင်းများဖျက်သိမ်းပြီးနောက် အခွန်လွှတ်ဈေး အဖြစ်ရောင်းချခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ဆိုင်ခန်းရှင်များအနေဖြင့် ရွှေ့ပြောင်းလိုသည့် နေရာသို့ စည်ပင်သာယာမှ သယ်ယူပြောင်းရွှေ့ပေးမည်ဖြစ်သည်။
ဆိုင်ခန်းများ ဖျက်သိမ်းကာ နှင်နေသည့်အဖြစ်ကို ကြံခိုင်ရေးပါတီ၏ တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းရွှေ လာရောက်ကြည့်ရှုကာ အခုလို လုပ်လို့ရှိရင် ဒုက္ခရောက်ကုန်တာပေါ့ ဟု မှတ်ချက်ပေးပြောဆို ကြောင်းလည်း သိရှိရသည်။
ယင်းဈေးနှင့်ကပ်လျှက် Max ဓါတ်ဆီဆိုင်နေရာမှာလည်း ယခင်ခရစ်ယာန် သချိုင်းမြေဖြစ်ပြီး ငှားရမ်းသို့ မဟုတ် စည်ပင်သာယာမှ ၀ယ်ယူထားသလား ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရှိရပေ။
Monday, June 4, 2012
တာမွေ အခွန်လွတ်ဈေးဆိုင်ခန်းများ စည်ပင်သာယာမှ နှင်ထုတ်
Subscribe to:
Post Comments (Atom)



0 comments:
Post a Comment