Pages

Monday, June 4, 2012

တောင်ကုတ်တွင် မြန်မာမွတ်စလင်မ်(၁၀) ဦး ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ်ခြင်းခံရခြင်းသတင်းအပြည့်အစုံ


 သံတွဲသစ္စာဗလီကနေ ရက်ပြည့်လို့ ရန်ကုန်ပြန်တဲ့ (၈)ဦးပါ ဂျမာအသ်(ဂျမာအသ်ဆိုတာ အစ္စလာမ် ဘာသာဝင်တွေ နေရာအချို့ကိုသွားရောက်ပြီး တရားရေအေး တိုင်ပင် ​ဆွေးနွေးကြခြင်း) ဖြစ်ပါတယ်။
 (၆)ဦးကတော့ တောင်တွင်းကြီးကလို့ သိရပါတယ်။  စပယ်ယာတစ်ဦးနဲ့ အုန်နာအင်ရှက်စ် တစ်ယောက်ပါ
 စုစုပေါင်း 10ယောက်ပါ။ အုန်နာ အင်ရှက်စ်ကတော့ မိန်းကလေးလို့ သိရပါတယ်။


 တောင်ကုတ်လမ်းခွ လ၀ကဂိတ်မှာ ကားကို တားတယ်။ တားပြီး ကုလားတွေပါရင်ဆင်းခဲ့ အကုန်သတ်
ပစ်မယ်လို့ အော်ဟစ်ပြီး တုတ်ဓား လက်နက်တွေနဲ့ အော်ဟစ်နေပါတယ်။ အင်ရှက်က ကားတံခါးပိတ်
ထားပြီး စပယ်ယာက ကားပေါ်ကဆင်းပြီး တောင်းပန်တယ်။ ဒါကို မရတော့ဘဲ ကားပေါ် အတင်း တွန်းတက်သွားပြီး ဂျမာအသ်သားတွေကို တွေ့တော့ အောက်ကို လှမ်းအော်တယ်။ “ဒီမှာ ကုလားတွေ ပါတယ်၊ ဒီမှာ ကုလားတွေဟေ့” လို့ အော်ဟစ် လိုက်တော့ နောက်ထပ်လူတွေ တိုးတက်လာပြီး ကားပေါ်မှာတင် ရိုက်ရင်း ကားအောက်ကို ဆွဲခေါ်သွားတယ်။

တံခါးပေါက်ကဆင်းဆင်းခြင်းမှာတင် အောက်က လူအုပ်ကြီးက အသေအလဲ ၀ိုင်းရိုက်ရင်း (၈)ယောက်စ
လုံး သေဆုံးသွားတယ်။ သူတို့ မလှုပ်ရှားတော့တဲ့အချိန်မှာ အားလုံး မှင်သက်ပြီး ကြောင်ကြည့်နေတုန်း စပယ်ယာကို ဟကောင် မင်းလဲ ကုလားပဲမဟုတ်လားလို့ မေးလိုက်တော့ နောက်က လူအုပ်ကြီးက ၀ိုင်းလာပြီး ပြောဆိုချိန်မရတော့ဘဲ သူလဲ သေသွားတယ်။

အင်ရှက်မိန်းမကိုလဲ စပယ်ယာကို လုပ်နေတဲ့အချိန်မှာပဲ ဒီကောင်မလဲ ကုလားမပဲဟေ့ လို့ဆိုပြီး မင်းတို့ကုလားမတွေကိုလဲ ငါတို့ -ိုးသတ်မယ်။ ကောင်မလာခဲ့ဆိုပြီး လိုက်ဆွဲတယ်။ ဟိုမိန်းမက ကားအနောက်ပိုင်းကို ၀င်ပြေးတော့ အတင်းလိုက်ပြီး ဖမ်းတယ်။ ဆံပင်ကိုဆွဲပြီး အောက်ကို ဆွဲခေါ်သွားတယ်။ အောက်ရောက်တော့ ဟိုဆွဲဒီဆွဲဖြစ်ပြီး အင်္ကျီအ၀တ်အစားတွေ မရှိတော့ဘဲ ကိုယ်လုံးတီးဖြစ်သွားပြီး တုတ်တွေနဲ့ မိန်းမတွေက ခေါင်း၊ ခြေသလုံး၊ ခါး၊ လက်တွေကို ၀ိုင်းရိုက်တယ်။

 ယောက်ျားတွေက သူ့အင်္ဂါကို တုတ်တွေနဲ့ မသေမရှင် ​ဖြစ်နေချိန်မှာ ဆောင့်ထိုးတယ်။ ရင်သားတွေကို အပေါ်ယံရှပ်ပြီး တုတ်တွေနဲ့ ရိုက်ကြတယ်။ လည်ပင်းကို လမ်းမပေါ်မှာ ဆင်းထားပြီး လည်ချောင်းကို တုတ်နဲ့ရိုက်ရင်း သွေးသံတရဲရဲနဲ့ သေသွားတယ်။

ရိုးမသစ္စာကားတွေရဲ့ပိုင်ရှင်ဟာ မွတ်စလင်မ်ဖြစ်လို့ ကုလားပိုင်ကားဆိုပြီး ကားကိုလဲ ထုထောင်းထားတာ ရစရာမရှိအောင် ပျက်ဆီးကုန်ပြီး အခု အဲ့ဒီနားမှာတင် ရပ်ထားပါတယ်။

 ညနေသုံးနာရီထွက်တဲ့ ကားနဲ့ပါလာတာပါ။ တောင်ကုတ်မှာဖြစ်တာက ၅-နာရီဝန်းကျင်ပါ။
အလောင်းတွေကို စုပုံထားပြီး မိန်းမ၊ ယောက်ျားများ အရက်သောက်ရင်း ကခုန်နေကြတယ်။

အလောင်းတွေပေါ်မှာလဲ အရက်ပုလင်းတွေကို လှမ်းပစ်တာတွေ၊ ကျင်ငယ်နဲ့ပန်းတာတွေ၊ အန်ချတာတွေ လုပ်နေကြတယ်လို့ သတင်းရထားပြီး ဖြစ်ပါတယ်။

 ...............................................................................................................................................................

ယနေ့ ဇွန်လ ၃ ရက်နေ့ နေ့လည်ပိုင်းက သံတွဲမြို့ကနေ ရန်ကုန်ကို ထွက်ခွာလာသော ရိုးမသစ္စာအဝေးပြေးကားသည်
 တောင်ကုတ်မြို့သို့အရောက်တွင် လူ(၃၀၀) ခန့်ရှိသော တောင်ကုတ်မြို့သူမြို့သား ရခိုင်လူမျိုးများက တားဆီးကာ ကားပေါ်တွင်ပါလာသော ခရီးသည်များမှ အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင်မ် (၁၀) ဦးအား ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
သံတွဲသစ္စာ ဗလီကနေ ရက်ပြည့်လို့ ရန်ကုန်ပြန်တဲ့ (၈)ဦးပါ ဂျမာအသ်(ဂျမာအသ်ဆိုတာ အစ္စလာမ် ဘာသာဝင်တွေ
 နေရာအချို့ကိုသွားရောက်ပြီး တရားထိုင်ကာ ဘာသာရေးတရားရေအေးတိုင်ပင်ဆွေးနွေးကြခြင်း) ဖြစ်ပါတယ်။

အကြမ်းဖက် သတ်ဖြတ်ခြင်းခံရသူများတွင်  တောင်တွင်းကြီးမြို့မှ မြန်မာမွတ်စလင်မ် (၆) ဦး၊ မြောင်းမြမြို့မှ မြန်မာမွတ်စလင်မ် ၂ ဦး၊ံသံတွဲမြို့နေ မြန်မာမွတ်စလင်မ် (၂) ဦးဖြစ်တယ်လို့ သိရပါတယ်။ သံတွဲမြို့မှ တစ်ဦးမှာ နာမည်ကြီးရှေ့နေ ဦးကျော်ဆင့်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ်ခြင်းခံရသူများတွင် စုံစမ်းသိရှိရသလောက်၊
၁။ ဦးနီဖေ   ၈/တတက(နိုင်) ၀၉၅၅၄၈ အသက် ၅၈ နှစ်
၂။ ဦးမောင်နီ  ၈/တတက (နိုင်) ၀၉၅၅၃၀ အသက် -၆၅ နှစ်၊
၃။ ဦးအေးလွင် ၈/တတက(နိုင်) ၀၉၃၅၇၃ အသက်-၅၂ နှစ်၊
၎။ ဦးလှမောင် ၈/တတက(နိုင်) ၀၉၄၅၅၇ အသက် ၅၀ နှစ်၊
၅၊။တေဇာမြင့် ၈/တတက(နိုင်) ၁၈၉၈၁၅ အသက် ၂၈ နှစ်၊
၆။ ကိုတင်မောင်ထွေး ၈/တတက(နိုင်) ၂၃၁၀၈၄ အသက် ၂၁ နှစ်၊
၇၊ ကိုအောင်ဘိုဘိုကျော် ၁၄/မလန(နိုင်) ၂၃၁၀၈၄ အသက် ၂၆ နှစ်၊
၈။ ကိုဇော်ညီညီထွဋ် ၁၄/မလန(နိုင်) ၁၄၈၁၃၃ အသက် ၃၃ နှစ်၊ ( ထပ်မံရရှိပါက ဆက်လက်ဖြည့်ပေးပါမည်)
ရက်စက်စွာ အကြမ်းဖက် အသတ်ခံရသူများ (၁၀) ယောက်တွင် ယာဉ်နောက်လိုက် တစ်ဦးနဲ့ ကားတာဝန်ခံ တစ်ယောက်လဲ ပါဝင်ကြောင်းသိရတယ်။ကား တာဝန်ခံ ကတော့ မိန်းကလေးလို့ သိရပါတယ်။
 အခုနောက်ဆုံးဝင်လာတဲ့ သတင်းတွေအရတော့ သေဆုံးသွားသူ (၁၀)ဉီးတွင် ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင် ၂ ဦးပါဝင်ကြောင်း အစ္စလာမ် ဘာသာဝင်တွေနဲ့ မှားပြီးအသက်ခံရတာ ဖြစ်ကြောင်းသိရှိရပါတယ်။
                  
...........................................................................................................................................................
                        အဲဒီနေကသံတွဲကနေရက်ပြည်လိုပြန်လာတဲမိထ္တလ္လာကဂျမသ်ကတောနေလယ်12နာရိကျော်
လောက်က အဲဒီနေရာကနေပဲကားစီပြီးပြန်လာခဲတယ်..သူတိုကတောအလ္လဟ်အလိုတော်နဲဘာမှမဖြစ်ပဲ
ချောချောမောမောနဲရန်ကုန်မရ်ကဇ်ကိုရောက်ရှိလာခဲပါတယ်....


  

  
 






 



BY:  myanmarmuslim.net 
ကိုလတ်(ပန်ဘဲတန်း)

0 comments:

Post a Comment