Pages

Monday, June 4, 2012

လူ့ အခွင့်အရေးလှုပ်ရှားသူ မစုစုနွေး မင်္ဂလာဆောင်



 ဒီနေ့(ဇွန်လ ၃ ရက်) ညနေ ၅ နာရီက ရန်ကုန်မြို့၊ရွှေဂုံတိုင်လမ်း၊တော်ဝင်နှင်းဆီ မှာ
၈၈ မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုကျော်ကျော်ထွေး(မာကီး)နဲ့ မစုစုနွေး
(အလုပ်သမားရေးရာလှုပ်ရှားသူ) တို့ရဲ့ မင်္ဂလာအခန်းအနားကျင်းပခဲ့ပါတယ်။


ဂီတမှူးကိုဝင်းမော်ရဲ့ရွှေသံစဉ်တေးဂီတအဖွဲ့ကတေးသံသာများနဲ့ လက်ဖွဲ့ကြပါတယ်။
NLD က ဦးဝင်းတင်၊ဦးတင်ဦး၊ဦးစိုးဝင်း တို့တက်ရောက်ကြပြီး ၈၈ က ကိုမင်းကိုနိုင်၊ကိုမင်းဇေယျ၊
ကိုကိုကြီး၊ကိုဌေးကြွယ်၊ကိုပြုံးချို၊ကိုမြအေး၊ကိုအံ့ဘွယ်ကျော်၊ကိုဇောက်ထိုး(သက်ဇော်)၊
ဘောင်းဘောင်း(ဇော်မင်း)တို့အပါအ၀င် အားလုံစုံညီစွာတက်ရောက်ကြတာတွေ့ရပါတယ်။

တေးသံရှင်ခိုင်မြဲသာ နဲ့ သံသာဝင်း တို့ကလည်းတေးသီချင်းတွေနဲ့လက်ဖွဲ့ကြပါတယ်။
ကိုဝင်းမော်(ရွှေသံစဉ်)ရဲ့ သားအောင်အောင်ဖြိုးပြည့်(Vocal) နဲ့ ဗိုဗိုသီဟ(Drums) တို့ရဲ့
Violence အဖွဲ့ကလည်းတေးသီချင်းတွေနဲ့မင်္ဂလာလက်ဖွဲ့ပေးကြပါတယ်။
ကိုမင်းကိုနိုင်က သူထောင်ထဲမှာရေးခဲ့တဲ့သီချင်းကို ၈၈ကသူငယ်ချင်းတွေနဲ့အတူသီဆိုပြီး
လက်ဖွဲ့ခဲ့ပါတယ်။






BY:

0 comments:

Post a Comment