Pages

Monday, June 4, 2012

ချုံနွယ်များနှင့် အဆောင်များ ဟောင်းနွမ်းနေသည့် ရန်ကုန်တက္ကသိုလ်အား သန့်ရှင်းရေး ပြုလုပ်မည်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရန်ကုန်တက္ကသိုလ်အား သန့်ရှင်းရေး ပြုလုပ်သွား
မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်တက္ကသိုလ်သည် ရန်ကုန်မြို့၏ အထင်ကရ နေရာတစ်ခုဖြစ်ပြီး လူနေနည်းပါးလာခြင်းကြောင့် ချုံနွယ်များ ပိတ်ဆို့လာခြင်း၊ အဆောင်များ ဟောင်းနွမ်းလာခြင်းတို့ ဖြစ်ပေါ်လာသဖြင့် ချုံနွယ်များ ရှင်းလင်းခြင်း၊ အဆောင်များအား ပြန်လည်ရှင်းလင်းခြင်းများ ပြုလုပ်သွားမည်ဖြစ် ပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


''ရန်ကုန်တက္ကသိုလ်ဝင်းကို သန့်ရှင်းရေးလုပ်ဖို့ ရှိပါတယ်။ လုပ်မယ့်ရက်ကိုတော့ မသတ်မှတ်ရသေးပါဘူး။ ရန်ကုန်တက္ကသိုလ်ဟာ အထင်ကရ နေရာတစ်ခုဖြစ်တယ်။ တက္ကသိုလ်ထဲက အဓိပတိလမ်းမကြီးဆိုလည်း အထင်ကရဖြစ်တာပဲ။

တက္ကသိုလ်ထဲမှာ လူနေ နည်းလာတဲ့အတွက် ချုံနွယ်တွေ ပိတ်ဆို့တာတွေကို ရှင်းလင်းရမယ်။ အဆောင်တွေကို ပြန်လည် ရှင်းလင်းသွားမယ်''ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

Eleven Media Group:

0 comments:

Post a Comment