Pages

Featured Posts Coolbthemes

Monday, December 22, 2025

သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးကားလမ်း၊ပေါ်တွင် ဘိလပ်မြေတင်ဆောင်လာသည့် တွဲကား(၁)စီး ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်


22.December.2025

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာအနီး၊ မိတ္ထီလာ-တောင်ကြီးကားလမ်း၊ မိုင်တိုင်အမှတ်(၃၃/၀)တွင် ဒီဇင်ဘာလ ၂၀ရက် နေ့လည် ၁၂ ၃၀ အချိန်ခန့်က တောင်ကြီးဘက်မှမောင်းနှင်လာသော ဘိလပ်မြေတင်ဆောင်လာသည့် တွဲကား(၁)စီး ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ် သုဇိတာလမ်းမကြီးပေါ်ရှိ လဘက်ရည်ဆိုင်တစ်ဆိုင်ကို ကုန်တင် Box ယာဉ်တစ်စီးက အရှိန်လွန်ကာဝင်တိုက်လို့ တစ်ဦး​ေ-သဆုံးပြီး လေးဦးဒဏ်ရာရ



ရန်ကုန်။ ဒီဇင်ဘာ ၂၂.၂၀၂၅
မြောက်ဥက္ကလာပမြို့နယ် သုဇိတာလမ်းမကြီး၊ သီတာလမ်းထိပ်၊ (၂)ရပ်ကွက်တွင် ဒီဇင်ဘာ ၂၀ ရက် ညနေ ၄ နာရီခွဲခန့်က လဘက်ရည်ဆိုင်တစ်ဆိုင်ကို ကုန်တင် Box အမျိုးအစား မော်တော်ယာဉ်တစ်စီးက အရှိန်လွန်ကာဝင်တိုက်မိခဲ့ကြောင်းသတင်းရရှိခဲ့သည်။

Sunday, December 21, 2025

အောင်လံမြို့နယ် မြင့်ဦးကျေးရွာနဲ့ ညောင်ပင်ဆိပ် ကျေးရွာကြားတွင် ဒလန်သတင်းပေးမှုနှင့်အတူ PDF တပ်ဖွဲ့ဝင်များ ခြုံခိုတိုက်ခိုက်ခံရ


21.December.2025

မကွေးတိုင်း၊ အောင်လံမြို့နယ် မြင့်ဦးကျေးရွာနဲ့ ညောင်ပင်ဆိပ် ကျေးရွာကြားမှာ ရှိတဲ့ စစ်အုပ်စုကင်းပုန်းက ဒလန်သတင်းပေးမှုနဲ့အတူ ဒီဇင်ဘာလ ၁၈ရက်နေ့ ညနေပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို အသင့်စောင့်ကြိုတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

Saturday, December 20, 2025

ယူကရိန်းအထူးစစ်ဆင်ရေးတပ်ဖွဲ့က ခရိုင်းမီးယားက ရုရှားစစ်လေတပ်စခန်းကို ထပ်မံတိုက်ခိုက်နိုင်ခဲ့



20.December.2025
ယူကရိန်းအထူးစစ်ဆင်ရေးတပ်ဖွဲ့က ခရိုင်းမီးယား အခြေစိုက် ဘယ်လ်ဘက် ရုရှားလေတပ်စခန်းကို ထပ်မံတိုက်ခိုက်ခဲ့ပြီး Su-27 လေယာဥ် နှစ်စင်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ဒီဇင်ဘာ ၂၀ ရက်မှာ အထောက်အထား ပုံတွေနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာပြီး လဝက အချုပ်ခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျားဖြန့်လုပ်သားတွေကို လေယာဉ်နဲ့ မိခင်နိုင်ငံကို ထပ်မံ ပြန်ပို့



20.December.2025

မြဝတီမြို့ဘက်မှ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာပြီး လဝက အချုပ်ခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျားဖြန့်လုပ်သား တရုတ်နိုင်ငံသား ၂၄၅ ယောက်အား လေယာဉ်နဲ့ မိခင်နိုင်ငံကို ဒီဇင်ဘာ ၁၉ရက်နေ့က ထပ်မံ ပြန်ပို့လိုက်ပါတယ်။

Friday, December 19, 2025

ဟာသလူရွှင်တော် သရုပ်ဆောင် ညောင်ညောင် (ခ) ဦးညီညီလှိုင်၏ စျာပနကို ရေဝေးသုသာန်တွင် ပြုလုပ်



19.December.2025

ဟာသလူရွှင်တော် သရုပ်ဆောင် ညောင်ညောင် (ခ) ဦးညီညီလှိုင်၏ စျာပနကို ရေဝေးသုသာန်တွင် ပြုလုပ်ခဲ့ပြီး အနုပညာ အသိုင်းအဝိုင်းမှ လိုက်ပါပို့ဆောင် ခဲ့ကြောင်း သိရသည်။

ပိုလန်နိုင်ငံရဲ့ ကာကွယ်ရေးကို ခေတ်မီအောင်လုပ်ဆောင်ရေး ကြိုးပမ်းမှုတွေထဲမှ ပက်ထရီယော့ထ် ဒုံးကျည်စနစ်က တိုက်ပွဲဝင်ရန် အသင့်ရှိဟု ကြေညာ



19.December , 2025
ပိုလန်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုက တီထွင်ထားတဲ့ ပေါင်းစပ်တိုက်ပွဲကွပ်ကဲမှုစနစ် (IBCS) နဲ့ ပေါင်းစည်းထားတဲ့ သူ့ရဲ့ ပက်ထရီယော့ထ် လေကြောင်းနဲ့ ဒုံးကျည် ကာကွယ်ရေးစနစ်တွေဟာ တိုက်ပွဲဝင်ဖို့အတွက် အပြည့်အဝအဆင်သင့်ရှိနေပြီဖြစ်ကြောင်း ဒီဇင်ဘာ ၁၈ ရက်မှာ ကြေညာခဲ့ပြီး ဒါဟာ ပိုလန်နိုင်ငံရဲ့ ကာကွယ်ရေးကို ခေတ်မီအောင်လုပ်ဆောင်ရေး ကြိုးပမ်းမှုတွေထဲမှာ အဓိက ဖွံ့ဖြိုးတိုးတက်မှုတခုလည်း ဖြစ်ပါတယ်။

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရမည့်ရက် ကြေညာချက် ထုတ်ပြန်



ရန်ကုန်။ဒီဇင်ဘာ ၁၉.၂၀၂၅
တက္ကသိုလ်ဝင်စာမေးပွဲကို လာမဲ့ ၂၀၂၆ ခုနှစ် မတ်လ ၁၁ ရက်ကနေ ၁၇ ရက်ထိ ကျင်းပ သွားမယ်လို့ ပညာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၉ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း) အောက်ထိပ်မှတ်တိုင် ဗိုလ်အောင်ကျော်လမ်းတွင် စက်ရုံတစ်ရုံ၏ အလုပ်သမားကြိုပို့ယာဉ်တစ်စီး တိမ်းမှောက် ၁၂ ဦးဒဏ်ရာရ



ရန်ကုန်။ဒီဇင်ဘာ ၁၉.၂၀၂၅
လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း) အောက်ထိပ်မှတ်တိုင် ဗိုလ်အောင်ကျော်လမ်းတွင် ဒီဇင်ဘာ ၁၈ ရက် နံနက် ၇ နာရီခန့်တွင် အိုပယ် ၁ စက်ရုံအလုပ်သမားကြိုပို့ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ၁၂ ဦးဒဏ်ရာရခဲ့တယ်လို့ လူမူကူညီရေးအသင်းထံမှသိရပါသည်။

အမေရိကန် NASCAR ပြိုင်ကားမောင်းသမားနဲ့ သူ့မိသားစုလိုက်ပါလာတဲ့ လေယာဉ် ပျက်ကျပြီး (၆) ဦးစလုံး သေဆုံး



 19.December.2025

အမေရိကန်နိုင်ငံရဲ့ နာမည်ကြီး NASCAR ပြိုင်ကားမောင်း ဂန္ထဝင်တစ်ဦးဖြစ်သူ Greg Biffle အပါအဝင် သူ့ရဲ့ ဇနီး၊ ကလေး (၂) ဦးနဲ့ လေယာဉ်အမှုထမ်း (၂) ဦး စုစုပေါင်း လူ (၆) ဦး ကိုယ်ပိုင် ဂျက်လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခဲ့သော ကမ္ဘာ့အကြီးဆုံး အမေရိကန် Chubb Life Insurance ကုမ္ပဏီလုပ်ငန်းလိုင်စင်ပြန်အပ်ပြီး မြန်မာ နိုင်ငံမှ အပြီး ထွက်ခွာတော့မည်



ရန်ကုန်၊ ဒီဇင်ဘာ ၁၉.၂၀၂၅
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခဲ့သော အမေရိကန် Chubb Life Insurance ကုမ္ပဏီ မြန်မာနိုင်ငံမှ ရုံးများ ပိတ်သိမ်းကာ အပြီး ထွက်ခွာသွားရန် တင်ပြလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ကရင်နှစ်သစ်ကူးပွဲများ မြဝတီမြို့နယ် ရွှေကုက္ကိုမြိုင်မြို့သစ်နဲ့ ဆုံစည်းမြိုင်မြို့သစ်တို့မှာ ဒီနေ့ ပြုလုပ်


19.December , 2025

ပြာသိုလဆန်း ၁ ရက်၊ ဒီဇင်ဘာ ၁၉ ရက် ကျရောက်တဲ့ ၂၇၆၅ ခုနှစ်မြောက် ကရင်တိုင်းရင်းသား နှစ်သစ်ကူးပွဲတွေကို မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြိုင်မြို့သစ်နဲ့ ဆုံစည်းမြိုင်မြို့သစ်တို့မှာ ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။

Thursday, December 18, 2025

လူရွှင်တော်၊သရုပ်ဆောင်ဦးညီညီလှိုင် (ခ)‌‌‌‌‌‌‌ညောင်ညောင် အသက်(၆၂) နှစ်​၏ ကျန်ရစ်သော ရုပ်ကလာပ်အား OSC ဆေးရုံမှ ရေဝေးသို့ပို့ဆောင်ကူညီ



ရန်ကုန်။ဒီဇင်ဘာ ၁၈.၂၀၂၅
လူရွှင်တော်၊ သရုပ်ဆောင် ညောင်ညောင် (၆၂ နှစ်) ဟာ ဒီဇင်ဘာလ (၁၇) ရက်နေ့ ၊ ညနေ (၇:၁၀) မိနစ်မှာ ရန်ကုန် ၊ မြောက်ဥက္ကလာပ OSC ဆေးရုံတွင် ဆုံးပါးသွားခဲ့တာဖြစ်ပါသည်။ အသည်းရောဂါကို ကုသပြီး နောက်ပိုင်း အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေတဲ့ အချိန်မှာ ဆုံးပါးခဲ့တာ ဖြစ်ပါတယ်။

Wednesday, December 17, 2025

မက္ကဆီကိုနိုင်ငံအလယ်ပိုင်း မြို့တော် တိုလူကာမြို့မှာ ကိုယ်ပိုင်ဂျက်လေယာဉ်တစင်း ပျက်ကျပြီး လူ ၆ ဦး ​ေ-သဆုံး



17.December , 2025
မက္ကဆီကိုနိုင်ငံအလယ်ပိုင်း မက္ကဆီကိုပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ တိုလူကာမြို့မှာ ဒီဇင်ဘာ ၁၅ ရက်က ဆက်စ်နာစိုက်တေးရှင်းသရီးအမျိုးအစား ကိုယ်ပိုင်ဂျက်လေယာဉ်တစင်း ပျက်ကျခဲ့လို့ လူ ၆ ယောက် ​ေ-သဆုံးခဲ့ကြောင်း မက္ကဆီအာဏာပိုင်တွေက ပြောပါတယ်။

Tuesday, December 16, 2025

ဗြိတိန် မီဒီယာ လုပ်ငန်းစုကြီး BBCကို အသရေဖျက်မှုနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တရားစွဲဆို




16.December.2025

ဗြိတိန် မီဒီယာ လုပ်ငန်းစုကြီး BBCကို အသရေဖျက်မှုနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တရားစွဲဆိုလိုက်ပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ အမှတ် (၆) ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်




16.December.2025

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ အမှတ် (၆) ရဲ့ အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၃ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Monday, December 15, 2025

ဟားမားစ်ပြောက်ကျားအဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးဆိုင်ရာ ထိပ်တန်းအရာရှိကို အစ္စရေးကလုပ်ကြံ သ-တ်ဖြတ်ခဲ့



15.December.2025
ဂါဇာ ကမ်းမြှောင်ဒေသ တောင်ပိုင်းမှာ ပေါက်ကွဲမှု တစ်ခုကြောင့် အစ္စရေး စစ်သားနှစ်ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်အပြီး ဟားမားစ်ပြောက်ကျားအဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးဆိုင်ရာ ထိပ်တန်းအရာရှိ ရာ့ဒ်ဆာ့ဒ်ကို လုပ်ကြံ သ-တ်ဖြတ်ခဲ့ကြောင်း အစ္စရေးက ကြေညာခဲ့ပါတယ်။

မော်ရိုကိုနိုင်ငံကနေ စပိန်နိုင်ငံဆီကို ဆေးခြောက်တွေ မှောင်ခိုသွင်းဖို့ ရဟတ်ယာဉ်တွေနဲ့ ဝင်လာတဲ့ ရာဇဝတ်ဂိုဏ်းတခုကို စပိန်ရဲတပ်ဖွဲ့ ဖြိုခွင်းခဲ့



15.December , 2025
မော်ရိုကိုနိုင်ငံကနေ စပိန်နိုင်ငံဆီကို ဆေးခြောက်တွေ မှောင်ခိုသွင်းဖို့ ရဟတ်ယာဉ်တွေနဲ့ ဝင်လာတဲ့ ရာဇဝတ်ဂိုဏ်းတခုကို ဖြိုခွင်းခဲ့ပြီး လေကြောင်း မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုကို တားဆီးတဲ့ ရှားရှားပါးပါး စစ်ဆင်ရေးတခုလည်း ဖြစ်တယ်လို့ စပိန်ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။

Sunday, December 14, 2025

ဇာတ်စင်ပေါ်မှာ သင်္ကန်းခြုံပြီး "အိုပါ ဂန်းနား စတိုင် " သီချင်းနဲ့ ဟာသလုပ်ခဲ့တဲ့ "အောင်စိုးမင်း ဆိုင်းအဖွဲ့က ငါးယောက်ကို ပုဒ်မနှစ်ခုနဲ့ ဖမ်းဆီး



14.December.2025
ဇာတ်စင်ပေါ်မှာ သင်္ကန်းခြုံပြီး "အိုပါ ဂန်းနား စတိုင် " သီချင်းနဲ့ ဟာသလုပ်ကာ သရုပ်ဖော် ကပြခဲ့တဲ့ " အောင်စိုးမင်း” ဂီတပဒေသာ ဆိုင်းအဖွဲ့က ဆိုင်းဆရာအပါအဝင် ငါးယောက်ကို ဖမ်းဆီးပြီး ရာဇသတ်ကြီး ပုဒ်မ၂၉၄/ ၂၉၅-က နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်မှု ပြုလုပ်နေတယ်လို့ သိရပါတယ်။

Saturday, December 13, 2025

ရုရှားရဲ့ ကာ့စ်ခ်ဒေသထဲ စေလွှတ်ပေးခဲ့တဲ့ မြောက်ကိုရီးယား တပ်တွေဟာ မိုင်းရှင်းလင်းရေး မစ်ရှင်တွေမှာပါ တာဝန်ချထားခြင်း ခံရကြောင်း ကင်မ်ဂျုံအန်း အတည်ပြု



13.December.2025
ရုရှား တပ်တွေအတွက် မြောက်ကိုရီးယား စစ်သားတွေက မိုင်းရှင်းပေးခဲ့ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက အတည်ပြုခဲ့ပါတယ်။