ခရိုင်းမီးယားစစ်ဆင်ရေးကို “အယ်လ်ဖာ” အထူးတပ်ဖွဲ့က ဦးဆောင်ပြီး အဝေးပစ်ဒရုန်းတွေနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
လက်နက်ခဲယမ်းအပြည့်အစုံနဲ့ တိုက်ပွဲဝင်ဖို့အတွက် ပြေးလမ်းပေါ်မှာရောက်နေပြီဖြစ်တဲ့ Su-27 လေယာဥ် တစ်စင်းနဲ့ ပြေးလမ်းပေါ်ကို တက်ဖို့ ပြင်ဆင်နေတဲ့ နောက်ထပ် Su-27 တစ်စင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဘယ်လ်ဘက်လေတပ်စခန်းကို ရက်ပိုင်းအတွင်းမှာ ဒုတိယအကြိမ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
ဒီဇင်ဘာ ၁၇ ရက် ညနဲ့ ၁၈ ရက် မနက်အစောပိုင်းက ပထမဆုံးအကြိမ်တိုက်ခိုက်ခဲ့ပြီး ဒေါ်လာသန်းရာချီတန်ဖိုးရှိတဲ့ ရေဒါစနစ်တွေ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ အပါအဝင် လက်နက်ခဲယမ်းအပြည့်အစုံတပ်ဆင်ထားတဲ့ MiG-31 လေယာဥ်တစ်စင်းကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြီးဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။




0 comments:
Post a Comment