Pages

Tuesday, May 24, 2016

မန္တလေး - ပြင်ဦးလွင် အတက်လမ်းတွင် ခရီးသည်ယာဉ် တစ်စီး မီးလောင်မှု ဖြစ်ပွား


RangonNewsDaily::Tuesday. May 24.2016 
၂၀၁၆ ခုနှစ်၊ မေ ၂၃ (၁၈း၃၅) အချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့ နယ်၊ ပြင်စာကျေးရွာတောင်ဘက် (၆) မိုင်ခန့်အကွာ မိုင်တိုင်အမှတ် (၂၀/၄ ) နှင့် (၂၀/၅) ကြားတွင် ပြင်ဦးလွင် - မန္တလေး အတက်လမ်းအတိုင်း မန္တလေးမှ မူဆယ်ဘက်သို့ ယာဉ်မောင်း ကတုံး မောင်းနှင်လာသည့် 9B – 7125 ၊ FUSO ၊ ဖြူ/စိမ်းကြား၊ စိတ်ကြိုက်ယာဉ် အသင်း၊ မှန်လုံယာဉ်ပေါ် တွင် ခရီးသည် ကျား (၃၇) ဦး၊ မ (၃)ဦး၊ ပေါင်း (၄၀) ဦးတို့ တင်ဆောင် မောင်းနှင် လာစဉ်
ယာဉ်၏ နောက် ပိုင်း အင်ဂျင်ခန်းမှ ၀ါယာရှော့ဖြစ်ကာ မီးစတင် လောင်ကျွမ်းခဲ့ သဖြင့် ပြင်စာ ရဲစခန်းမှ ရဲအုပ် မျိုးသန်းနှင့် တပ်ဖွဲ့ ၀င် များ၊ ရတနာပုံ မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးမိုးဆွေနှင့် တပ်ဖွဲ့ဝင် (၅) ဦး၊ မီးသတ်ယာဉ် (၁) စီး၊ ဗဟိုမီးသတ် သင်တန်းကျောင်းမှ ဦးစီးအရာရှိ ဦးမိုးကျော်သူအောင်နှင့် တပ်ဖွဲ့ဝင် (၇) ဦး ၊ မီးသတ်ယာဉ် (၁ ) စီး၊ အုန်းချော အရန်မီးသတ် တပ်ဖွဲ့မှ တပ်ခွဲမှူး ဦးတင်မင်းနှင့် တပ်ဖွဲ့ဝင် (၅) ဦး၊ မီးသတ်ယာဉ် (၁) စီး၊ ၂၁ မိုင်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်နိုင် နှင့် ရွာသူ/ ရွာသားများမှ ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရာ (၁၉း၀၀)နာရီ တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။



အဆိုပါမီးလောင်မှုကြောင့် ယာဉ်ပေါ်ပါပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး လူ တစ်ဦး တစ်ယောက်မှ ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မီးလောင်မှု ဖြစ်ပွားရာ နေရာတွင် ပြင်ဦးလွင်မြို့နယ် ရဲမှူး မောင်မောင်ဇော်၊ ရဲအုပ် မျိုးသန်း တို့မှ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ခဲ့သည်။
.
ယာဉ်မီးလောင်မှု ဖြစ်ပွားချိန် ယာဉ်မောင်း ကတုံးမှာ ထွက်ပြေး တိမ်းရှောင် သွားခဲ့သဖြင့် လိုက်လံ ရှာဖွေလျှက်ရှိပြီး ယာဉ်မောင်း၏ ပေါ့ဆမှုကြောင့် ယာဉ်နှင့် ယာဉ်ပေါ်ပါ ပစ္စည်းများ မီးလောင်ကျွမ်းခဲ့သဖြင့် ယာဉ်မောင်း ကတုံးအား အမှုဖွင့်အရေးယူလျှက်ရှိကြောင်း သိရှိရသည်။
မြ၀တီ / ဇော်မျိုးထိုက် (ပြင်ဦးလွင်)::--KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment