Pages

Tuesday, May 24, 2016

ရန်ကုန်လေဆိပ်တွင် အမျိုးသားတစ်ဦးထံမှ ဆေးခြောက်နှင့် စိတ်ကြွဆေးများ ဖမ်းမိ

RangonNewsDaily::Tuesday. May 24.2016 
ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် ပြည်တွင်းထွက် ခွာဆောင် စစ်ဆေးရေးဂိတ်တွင် အမျိုးသားတစ်ဦးထံမှ ဆေးခြောက်များနှင့် အိုက်စ်(ICE)များ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိ သည်။
ဖမ်းဆီးရမိခဲ့သည့် အမျိုးသားသည် မြန်မာ့လေကြောင်း ခရီးစဉ်ဖြင့် ဟဲဟိုးမြို့သို့ ထွက်ခွာမည့် လေယာဉ်ဖြင့် လိုက်ပါမည့် သူဖြစ်ပြီး ၎င်းကို မေလ ၂၂ ရက် နံနက် ၁၁ နာရီတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
.
မူးယစ်ဆေးဝါးများ သယ် ဆောင်လာသူမှာ အသက်(၃၂)နှစ်အရွယ် ၀င်းအောင်ဆိုသူဖြစ်ပြီး အနွေးထည်အိတ်ကပ်အတွင်း အ လေးချိန် လေးဂရမ်ရှိဆေးခြောက်၊ WY စာတန်းပါ စိတ်ကြွဆေးပြား ၁၃၀ နှင့် အလေးချိန် တစ်ဂရမ်ရှိ ICE အခဲတို့ကို သိမ်းဆည်းရမိခဲ့ ကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
.
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သူ ၀င်းအောင်အား မူး/စိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် မင်္ဂလာဒုံမြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေကြောင်း သိရ သည်။
7Day::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time