Pages

Tuesday, December 8, 2015

မန္တလေး-မူဆယ် ကားလမ်းတွင် ရက်ရှည်ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်

RangonNewsDaily:: December . 8 .2015
မန္တလေး-မူဆယ် ကားလမ်းတွင် ပွင့်လင်းရာသီ မော်တော်ယာဉ် သွားလာမှုများချိန် ဒီဇင်ဘာ ၄ ရက်မှ စတင်၍ ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားစွာဖြစ်ပေါ်နေပြီး မော်တော်ယာဉ်များ ညအိပ်စောင့်ဆိုင်းကာ သွားလာ နေရကြောင်း သတင်းရရှိသည်။

မန္တလေး-မူဆယ် ကားလမ်း ရှိ ကွတ်ခိုင်မြို့နှင့် ၁၀၅ မိုင် ကုန် သွယ်ရေးဇုန်ကြား မိုင် ၅၀ ခန့် ရှည်သော လမ်းပိုင်းအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေပြီး နေ့ဘက်တွင် လမ်းရှင်းပေးမှု ကြောင့် အနည်းငယ်သွားလာ၍ ရသော်လည်း ညပိုင်း၌ ယာဉ်များ သွားလာ၍ မရနိုင်အောင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေ သည်ဟု မန္တလေးမြို့မှ အဝေးပြေး ကုန်တင်ယာဉ် ပိုင်ရှင်များနှင့် ယာဉ်မောင်းများက ပြောကြား သည်။
.
‘‘ကားများတာကြောင့်လည်း ပါတယ်။ လမ်းကျဉ်းတာနဲ့လည်း ဆိုင်တယ်။ လမ်းလေးတွက နှစ် လမ်းသွားလေးတွေ ဖြစ်နေပြီး ကားသမားတွေ ကိုယ်တိုင်က စည်းကမ်းမရှိဘဲ ဇွတ်အတင်း ကျော်တက်တာတွေ လုပ်တာနဲ့ လည်း ဆိုင်မယ်ထင်တယ်။ နေ့ ခင်းဘက်ဆို ကားကနည်းနည်း ရွေ့သေးတယ်။ ညဆိုရင်တော့ ဘယ်လိုမှ ရှေ့ဆက်သွားလို့ မရတော့ဘူး’’ဟု ကွတ်ခိုင်နှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အကြား ယာဉ်ကြောပိတ်ဆို့မှု အခြေအနေကို အဝေးပြေးကုန်တင်လုပ်ငန်းရှင် ဦးသူရဇော်ကပြောသည်။
.
အဆိုပါ မန္တလေး-မူဆယ် လမ်းပိုင်းတွင် ပုံမှန်ကာလများ၌ ကုန်တင်မော်တော်ယာဉ်အစီးရေ ၁,၀၀၀ ခန့် နေ့စဉ်ဖြတ်သန်း သွားလာနေပြီး ပွင့်လင်းရာသီ (နိုဝင်ဘာ)မှစတင်ကာ နေ့စဉ်ကုန်တင် မော်တော်ယာဉ်အစီးရေ ၂,၀၀၀ခန့် ဖြတ်သန်းသွားလာလျက်ရှိ ကြောင်း အဝေးပြေးကုန်စည်ပို့ ဆောင်ရေး လုပ်ငန်းရှင်များ အ သင်း(မန္တလေး)မှ ဦးဝင်းမြင့်က ပြောသည်။
7Day , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment