Pages

Tuesday, December 8, 2015

ကျောင်းပြင်ပစနစ်ဖြင့် စစ်ဆေးနေသည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲများ သက်ဆိုင်ရာကျောင်းများတွင်သာ စစ်ဆေးမည်

အခြေခံပညာကျောင်းသူကျောင်းသားငယ်အချို့(ဓာတ်ပုံ-နစ်ကီ)

RangonNewsDaily:: December . 8 .2015
အခြေခံပညာကျောင်း များ၌ ယခုပညာသင်နှစ်တွင် ကျောင်းပြင်ပစစ်စနစ်ဖြင့် ကျင်းပ နေသည့် စတုတ္ထတန်းနှင့် အဋ္ဌမ တန်း အကြိုစာမေးပွဲကို ဒီဇင်ဘာ အတွင်း ပြုလုပ်မည်မဟုတ်ဘဲ သက်ဆိုင်ရာ ကျောင်းများ၌ သာ ပုံမှန်လပတ်စာမေးပွဲပြုလုပ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

‘‘ကျောင်းပြင်ပစစ်စနစ်ကို မနှစ်က စပြီးကျင့်သုံးလို့ အစမ်း ဖြေတဲ့အနေနဲ့ ဒီဇင်ဘာမှာ အကြို စာမေးပွဲစစ်တာပါ။ ဒီနှစ်တော့ ပုံမှန်စာမေးပွဲရှိပါမယ်။ ပြည်နယ် နဲ့ခရိုင်က လာတဲ့မေးခွန်းတွေနဲ့ ဖြေရမှာမဟုတ်ပါဘူး’’ဟု ပညာ ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အ ရာရှိတစ်ဦးက ပြောသည်။
.
ကျောင်းပြင်ပစစ်စနစ်ဖြင့် အခြေခံပညာမူလတန်းအဆင့် ပြည့်မြောက်ခြင်း စာမေးပွဲ (စတု တ္ထတန်း)ကို သက်ဆိုင်ရာခရိုင် ပညာရေးမှူး ဦးဆောင်သည့် စာ စစ်အဖွဲ့ကစစ်ဆေးမည်ဖြစ်ပြီး အလယ်တန်းအဆင့်ပြည့်မြောက် ခြင်း စာမေးပွဲ(အဋ္ဌမတန်း)ကို ပြည်နယ်နှင့် တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦး ဆောင်သည့် စာစစ်အဖွဲ့ဖြင့် မေး ခွန်းများပြုစု၍ စစ်ဆေးမည်ဖြစ် သည်။
‘‘ပုံမှန်အားဖြင့် ဒီဇင်ဘာလ ပတ်စာမေးပွဲကို ဒီလ ၁၇ ရက် ဒါမှမဟုတ်ရင် ကျောင်းပိတ်ရက် မတိုင်ခင်လုပ်ရမယ်။ မနှစ်က ကျောင်းပြင်ပစစ်စလုပ်တာမို့လို့ ဒီဇင်ဘာမှာ အကြိုစာမေးပွဲလုပ် ပြီးတော့ ပြည်နယ်၊ တိုင်းနဲ့ခရိုင် က မေးခွန်းတွေနဲ့ဖြေရတာပါ။ ဒီ နှစ်တော့ ကိုယ့်ကျောင်းကပဲ မေး ခွန်းထုတ်ပြီး ပုံမှန်စစ်ဆေးသွား မှာပါ’’ဟု ရန်ကုန်မြို့ရှိ အခြေခံပညာမူလတန်းကျောင်းအုပ်ဆရာမကြီးတစ်ဦးက ပြောကြား သည်။
.
အခြေခံပညာကျောင်းများ တွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်းသူ၊ ကျောင်းသားများကို ကျောင်းပြင်ပစစ်စာမေးပွဲစနစ် ဖြင့် ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ စတင်ကျင့်သုံးခဲ့ ပြီး အကြိုစာမေးပွဲကို ဒီဇင်ဘာ ၁၆ရက် မှ ၂၃ ရက်အထိ ကျင်းပပြုလုပ်ခဲ့ကာ အတန်းတင်စာမေးပွဲ ကို ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့သည်။
ပြီးခဲ့သည့် ပညာသင်နှစ် စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်းပြင်ပစစ် အတန်းတင်စာ မေးပွဲတွင် ကျရှုံးသူများရှိခဲ့သော ကြောင့် ပြန်လည်ကုစားသည့်အ နေဖြင့် ကုစားစာမေးပွဲကျင်းပ၍ ကျရှုံးခဲ့သည့် ဘာသာရပ်များကို ပြန်လည်ဖြေဆိုခဲ့ရသည်။
.
အခြေခံပညာကျောင်းများ ၏ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အတွက် စတုတ္ထတန်းနှင့် အဋ္ဌမ တန်း အတန်းတင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတုတ္ထတန်း ကျောင်းသား ရှစ် သိန်းခြောက်သောင်းကျော် ၀င် ရောက်ဖြေဆိုခဲ့ရာ အောင်မြင်သူ ခြောက်သိန်းငါးသောင်းကျော်ရှိ ခဲ့သည်။ အောင်ချက်ရာခိုင်နှုန်း ၇၅ ဒသမ ၈၆ ရာခိုင်နှုန်းကျော်နှင့် အဋ္ဌမတန်းကျောင်းသားငါးသိန်း ကျော် ၀င်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်သူ သုံးသိန်းကျော်ရှိပြီး အောင်ချက်ရာခိုင်နှုန်း ၅၄ ဒသမ ၁၁ ရာခိုင်နှုန်းရှိကြောင်း ပညာ ရေးဝန်ကြီးဌာနမှ သိရသည်။
7Day, KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment