Pages

Tuesday, November 3, 2015

တရားဝင်ဇနီးရှိလျက် အင်တာနက်တွင် တွေ့ဆုံခဲ့ပြီး လိမ်လည် လက်ထပ်ခဲ့သူကို တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်

RangonNewsDaily:: November . 3 .2015
လွန်ခဲ့သောငါးလခန့်က အင်တာနက်မှတစ်ဆင့် သိကျွမ်း တွေ့ဆုံခဲ့ပြီးနောက် တရားဝင် ဇနီးမယားရှိလျက် လိမ်လည် လက်ထပ်ပေါင်းသင်းခဲ့သော အမျိုးသားတစ်ဦးကို တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် အရာတော်မြို့ မြို့မရဲစခန်းတွင် အောက်တိုဘာ ၃၁ ရက်က အမှုဖွင့် တိုင်ကြားခဲ့သည်။

အရာတော်မြို့နယ် ကျောက်ပြောက်ကျေးရွာနေ အသက်(၁၉)နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် လွန်ခဲ့သော ငါးလခန့်က အင်တာနက်မှတစ်ဆင့် ဘုတလင်မြို့နယ် တွင်းတောင်ကျေးရွာနေ အသက် (၃၈)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် သိကျွမ်းရင်းနှီးပြီးချစ်သူများဖြစ်ခဲ့သည်။ ထို့နောက် ပြီးခဲ့သည့်အောက်တိုဘာအတွင်းက ၎င်းတို့နှစ်ဦးပြင်ပ၌ တွေ့ဆုံစဉ် အမျိုးသားက အိမ်ထောင်မရှိကြောင်းနှင့် ကောင်းမွန်စွာလုပ်ကိုင်ကျွေးမည်ဟု ယုံကြည်အောင်ပြောဆို၍ ဆားလင်းကြီးမြို့နယ်၌ လေးရက်ခန့်ကြာ လင်မယားအဖြစ်ပေါင်းသင်းနေထိုင်ခဲ့သည်။

ထို့နောက် အောက်တိုဘာ ၂၃ ရက်တွင် အဆိုပါအမျိုးသားက ဆားလင်းကြီးမြို့နယ် အနောက် ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနေ အိမ်၌ လက်ထပ်စာချုပ်ရေးထိုးခဲ့ပြီး လာရောက်တောင်းရမ်းမည်ဟု အမျိုးသမီးကိုပြောဆို၍ နေအိမ်သို့ပြန်လွှတ်ခဲ့သည်။

သို့သော် အဆိုပါအမျိုးသား သည် အောက်တိုဘာ ၂၉ ရက် တွင် အမျိုးသမီးနေထိုင်ရာ ကျောက်ပြောက်ကျေးရွာသို့ တစ်ဦးတည်းရောက်ရှိလာပြီး ၎င်းတွင် ဘုတလင်မြို့နယ် တွင်းတောင် ကျေးရွာ၌ တရားဝင်ဇနီးမယားရှိကြောင်း၊ တရားဝင် ပေါင်းသင်းရန် လာ ရောက် တောင်းရမ်းမည်ဖြစ် ကြောင်း ပြောပြမှ သိရှိရသဖြင့် တရားဝင် ဇနီးမယားရှိပါလျက် ယုံကြည်အောင်ပြောဆိုပြီး လိမ် လည် လက်ထပ်ပေါင်းသင်းနေ ထိုင်ခဲ့သော အမျိုးသားအား အရေးယူပေးရန် အမျိုးသမီးက တိုင် ကြားခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှသိရ သည်။

လိမ်ညာလက်ထပ် ပေါင်း သင်းခဲ့သူ အမျိုးသားကို အရာ တော်မြို့နယ် မြို့မရဲစခန်းကတစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၃ အရ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
7Day Daily, KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment