Pages

Tuesday, November 3, 2015

‘‘တာမွေအ၀ိုင်းထိပ်တွင် လူတစ်စုက ခရီးသည်တင်ကားပေါ် တက်၍ အကြမ်းဖက်ရိုက်နှက်မီးရှို့’’


RangonNewsDaily:: November . 3 .2015
ရန်ကုန်မြို့ တာမွေအ ၀ိုင်းအိုးရှင်းစင်တာရှေ့တွင် ယမန့်နေ့ညက ပါရမီခရီး သည်တင်ကားတစ်စီးပေါ်သို့ အိမ်စီးကားတစ်စီး မှ လူတစ်စုက ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို ရိုက်နှက်၍ ဓာတ်ဆီလောင်းမီးရှို့ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ခရီးသည်များ က ပြောသည်။
နိုဝင်ဘာ ၂ ရက်ည ၉နာရီ ခွဲခန့်က ရွှေဂုံတိုင်မှ တာမွေဗလီ ဘက်သို့သွားသည့်လမ်း၌ တာမွေ အိုးရှင်းစင်တာ ရှေ့တည့်တည့် တွင် ရပ်ထားသည့် ပါရမီ ၁၇၄ ကားကို အိမ်စီးကားတစ်စီးပေါ်မှ လူတစ်စုက တက်ရောက်ရိုက်နှက် ခဲ့ခြင်းဖြစ်သည်ဟု ဖြစ်စဉ်ကိုအစ အဆုံးမျက်မြင်တွေ့ခဲ့သူ ကိုသန်း ဇော်က ပြောသည်။
.
‘‘၁၇၄ က ပွိုင့်မိနေတဲ့ အချိန် မှာ ကားတစ်စီးရောက်လာပြီး ခရီးသည်တင်ကားပေါ်က ယာဉ် မောင်းနဲ့ စပယ်ယာကို တက်ရိုက်ကြတာ။ တုတ်တွေနဲ့။ တက်ရိုက်ပြီးတော့ ဒရိုင်ဘာကို ဓာတ်ဆီ လောင်း မီးရှို့တာ။ မီးတွေ လောင်တယ်။ ဦးထုပ်တွေရော၊ အင်္ကျီတွေရော မီးလောင်တော့ ဒရိုင်ဘာက အပေါက်ကနေ ခုန်ချပြီး အောက်မှာ အင်္ကျီတွေ ဆွဲချွတ်ပြေးတာ’’ ဟု ကိုသန်းဇော်က ပြောသည်။
မျက်မြင်တွေ့သူ နောက် တစ်ဦးဖြစ်သော ဦးမြလှိုင်က ယင်းဖြစ်စဉ်သည် အကြမ်းဖက်လုပ်ရပ် ဖြစ်ပြီး ထိတ်လန့်စရာကောင်း သည်ဟု ပြောသည်။
.
‘‘ကားပေါ်မှ လူတွေလည်း ထိတယ်။ ဒါရိုက်တာကို ရှေ့မှာ ဓာတ်ဆီလောင်း မီးရှို့နေတာက နောက်တက်လာတဲ့ သူတွေက ကားအပေါက်ကို ပိတ်ပြီး စပယ် ရာနှစ်ယောက်ကိုကိုင်(တိုက်ခိုက်)နေသေးတာ။ ခရီးသည်မိန်းကလေး နှစ်ယောက် မျက်နှာကို တော်တော် ထိတယ်။ သွားတွေလည်း ကျွတ်သွားတယ်။ တစ်ယောက်က သတိပါလစ်သွားတယ်’’ဟု ပြောသည်။
ယင်းဖြစ်စဉ်ကို သတင်းရရ ချင်း အခင်းဖြစ်ရာနေရာသို့ ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေး နေပြီး ကားပေါ်မှ ခရီးသည်နှစ်ဦး ဒဏ်ရာရခဲ့သောကြောင့် ရန်ကုန် ဆေးရုံကြီးတွင် တက်ရောက်ကု သနေရသည်ဟု ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ကြည် က ပြောသည်။ 







ကားပေါ် မီးရှို့ခဲ့ ခြင်းကို သတင်းအနေဖြင့်သာ ကြားနေရပြီး ယာဉ်မောင်းရော၊ ယာဉ်နောက်လိုက်ပါ တိမ်းရှောင်နေသည့်အတွက် အသေးစိတ်မပြောနိုင်သေးဟု ၎င်းကဆက်လက်ပြောသည်။
‘‘အလုပ်ခံရတဲ့ကားက ၁၇၄ ကား လူတွေပါတယ်။ ပွိုင့်မိနေ တာ။ နောက်ကနေ ကားတစ်စီး နဲ့ လိုက်လာတယ်။ ပြောတယ်။ ဘေးက လူတွေ ပြောတာကတော့မင်းလား ငါ့ကို ပြောသွားတာဆို ပြီး ပါးလည်း ရိုက်တယ်။ ဒရိုင် ဘာရော၊ စပယ်ယာတွေရော ကို’’ဟု ပြောသည်။
.
‘‘မီးလောင်ဒဏ်ရာနဲ့ ရောက် လာတာ နှစ်ယောက်ရှိတယ်။ တစ်ယောက်က ပြင်ပလူနာဌာနမှာ ထားထားတယ်။ ဒဏ်ရာသိပ်မ ပြင်းထန်ဘူး။ မီးလန့်သွားတဲ့ သဘောမျိုး။ ကျန်တစ်ယောက်က တော့ မပြောတတ်သေးဘူး။ ဆရာဝန်ကြီးကြည့်နေတာ ပြန် မရောက်သေးဘူး’’ဟု ရန်ကုန် ဆေးရုံကြီး အရေးပေါ်ဌာနမှ ဆရာဝန်တစ်ဦးက ဖြေသည်။
7Day News ::--
KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment