Pages

Tuesday, June 9, 2015

ယခုနှစ် ရန်ကုန်နည်းပညာတက္ကသိုလ် (COE) သို့ စုစုပေါင်းရမှတ် ၄၈ဝ နှင့် အထက်ရရှိသူများလျှောက်ထားနိုင်မည်


RangonNewsDaily:: June . 9 .2015
ယခုနှစ်တွင် ရန် ကုန်နည်းပညာတက္ကသိုလ် (COE) သို့ စုစုပေါင်းရမှတ် ၄၈ဝနှင့်အထက် ရရှိသူများ လျှောက်ထားနိုင်မည်ဖြစ် ကြောင်း သိရသည်။
ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်မှုရာခိုင်နှုန်း များပြားခဲ့ပြီး ဂုဏ်ထူးရရှိသူများ များပြားခဲ့ သော်လည်း ရန်ကုန်နည်းပညာ တက္ကသိုလ်၏ ဝင်ခွင့်ရမှတ်များကို တိုးမြှင့်သတ်မှတ်မည် မဟုတ်ဘဲ ၂ဝ၁၄ ခုနှစ်က ခေါ်ယူခဲ့သည့် နည်းလမ်းများအတိုင်းသာ ခေါ် ယူသွားမည်ဖြစ်ကြောင်း၊ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်း ရမှတ် ၄၈ဝ နှင့် အထက်ရရှိသူများ လျှောက်ထားနိုင်ပြီး ကျောင်းသား ဦးရေ ၃ဝဝ ခေါ်ယူမည်ဖြစ်ကြောင်း ရန်ကုန်နည်းပညာတက္ကသိုလ် (COE) မှ သိရသည်။

''ဆရာတို့ကျောင်းရဲ့ ဝင်ခွင့် နဲ့ပတ်သက်ပြီး ကျောင်းသား၊ ကျောင်း သူတော်တော်များများ စိတ်ဝင်စား နေပါတယ်။ ကျောင်းကသတ်မှတ် ထားတာကတော့ ၄၈ဝ နဲ့အထက်ပေါ့။ ရွေးမှာက အမှတ်အများဆုံးသူတွေ ထဲကစရွေးပြီး အယောက် ၃ဝဝ ပြည့်တဲ့အထိ ခေါ်သွားမှာဖြစ်ပါတယ်'' ဟု ရန်ကုန်နည်းပညာတက္ကသိုလ် မှ ပါမောက္ခဌာနမှူးတစ်ဦးက ပြော သည်။

ကျောင်းသား၊ ကျောင်းသူ၃ဝဝ တွင် ကျား ၁၅ဝ နှင့်မ ၁၅ဝ ဖြင့် အချိုးတူညီစွာခေါ်ယူမည်ဖြစ် ပြီး အမှတ်စဉ် ၃ဝဝ ရရှိသူ ကျောင်း သား၊ ကျောင်းသူ၏ အမှတ်မှာ နောက်ဆုံးအမှတ်ဖြစ်လာမည်ဖြစ် ကြောင်း၊ ယင်းအတွက် နောက်ဆုံး အမှတ်များ တူညီနေပါက လျှောက် ထားသူအားလုံးကို လက်ခံသွား မည်ဖြစ်ကြောင်း သိရသည်။

''မနှစ်ကအထိ ကျောင်းသား အမှတ်က ၅ဝ၂ မှတ်နဲ့ မိန်းကလေး အမှတ် ၄၉၆ မှတ်နဲ့ဖြတ်ခဲ့ရတယ်။ ဒါက နောက်ဆုံးအမှတ်တွေပါ။ တက္ကသိုလ်က သတ်မှတ်လိုက်တဲ့ အမှတ်တွေမဟုတ်ဘူး။ ဒါကို တချို့ ကနားလည်မှုလွဲပြီးတော့ ရန်ကုန် နည်းပညာတက္ကသိုလ်ဝင်ခွင့် အ မှတ်က မြင့်တယ်၊ ၅ဝဝ ကျော်မှ ဝင်ခွင့်ရမယ်လို့ ထင်နေကြတာမျိုး တွေရှိတယ်။ လက်ရှိကျောင်းမှာက နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် မှုတွေလဲရှိတယ်။ အင်္ဂလန်နိုင်ငံအသိ အမှတ်ပြု အိုင်အက်စ်အိုလက်မှတ် ရရှိထားတာဆိုတော့ ကျောင်းသား တွေ စိတ်ဝင်စားနေတာလို့ထင်တယ်'' ဟု ယင်းကဆက်လက်ပြောသည်။

ရန်ကုန်နည်းပညာတက္ကသိုလ်ရှိ အင်ဂျင်နီယာနှင့် ဗိသုကာပညာရပ် ဆိုင်ရာ ဘွဲ့ကြိုသင်တန်းများအတွက် အင်္ဂလန်နိုင်ငံ BUREAU VERITAS မှ ISO 9001-2008 လက်မှတ်ကို ချီးမြှင့်ပေးအပ်ထားသည်။
လက်ရှိ ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် ဘာသာရပ် ၁၂ ခု ကို ပို့ချနေပြီး ဘွဲ့ကြိုကျောင်းသား၊ ကျောင်းသူ ၉ဝဝ ခန့်ရှိနေကြောင်း ယခုပညာသင်နှစ်တွင် ဘွဲ့ကြို၊ ဘွဲ့ လွန်ကျောင်းသား စုစုပေါင်း ၁၅ဝဝ ခန့်တက်ရောက်လျက်ရှိနေကြောင်း သိရသည်။
ဒီမိုကရေစီတူဒေး , KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment