စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၈ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ၄ ရက်မြောက်နေ့ ဇွန်လ ၉ ရက် မနက်အစောပိုင်း ၉ နာရီလောက်အထိ မြန်မာက ရွှေတံဆိပ် ၁၀ ခု၊ ငွေတံဆိပ် ၁၆ ခု၊ ကြေးတံဆိပ် ၁၆ ခု၊ စုစုပေါင်း ဆုတံဆိပ် ၄၂ ခု ရနေပါတယ်။
မြန်မာအတွက် ရွှေတံဆိပ်ကိုတော့ ဒီမနက်ပိုင်းမှာ ကနူးလှေ အမျိုးသား မီတာ ၂၀၀ ပြိုင်ပွဲမှာ မောင်မောင်နဲ့ ၀င်းထိုက်အတွဲက ရခဲ့တာဖြစ်ပါတယ်။ မနေ့ ဇွန် ၈ ရက် ပြိုင်ပွဲတွေမှာတော့ ၀ူရှူးကစားနည်းမှာ စန္ဒီဦးက ရွှေတံဆိပ်၊ ဂျူဒို ၇၈ ကီလိုတန်းမှာ ခင်မျိုးသူက ရွှေတံဆိပ်ဆုတွေ နိုင်ငံအတွက် ရယူပေးခဲ့ပါတယ်။
ဓာတ်ပုံ – ဆီးဂိမ်း
DVB , KOLATT(PBDN)
RangonNewsDaily
0 comments:
Post a Comment