Pages

Tuesday, June 9, 2015

မန်ယူ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဘောလုံးအသင်းဖြစ်လာ


RangonNewsDaily:: June . 9 .2015
မန်ယူအသင်းသည် ဘိုင်ယန်မြူးနစ်ကို ဖြတ်ကျော်ကာကမ္ဘာ့တန်ဖိုးအကြီးဆုံး ဘောလုံးကလပ်ဖြစ်လာသည်။

ဘဏ္ဍာရေးအကြံပေး ကုမ္ပဏီ Brand Finance က ထုတ်ပြန်သည့်အစီရင်ခံစာတွင် မန်ယူ သည် ပြီးခဲ့သည့်ရာသီက မည်သည့်ဖလားမှ ဆွတ်ခူးနိုင်ခြင်း မရှိသော်လည်း ခန့်မှန်းခြေတန်ဖိုး ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံခန့်ဖြင့် တန်ဖိုးအကြီးဆုံး ဘောလုံး ကလပ်ဖြစ်သွားခဲ့သည်။

ထိုကုမ္ပဏီက ထုတ်ပြန်သည့် တန်ဖိုးအကြီးဆုံး ၁၀ သင်းစာရင်းတွင် မန်ယူအပါအဝင်အင်္ဂလိပ်ကလပ်ခြောက်သင်း ပါဝင်ခဲ့ပြီး စနေနေ့က ချန်ပီယံလိဂ် ဆွတ်ခူးနိုင်ခဲ့သော စပိန်ဘာစီလိုနာမှာ ယမန်နှစ်ကထက် နှစ်ဆင့်ကျကာ အဆင့် (၆) ဖြစ်ခဲ့ပြီး တန်ဖိုးဒေါ်လာ ၇၇၃ သန်းရှိသည်ဟု ဆို သည်။

မကြာသေးမီက စပိန် သ တင်းစာ Sport က မန်ယူသည် နှစ်ရာသီခန့်ဖလားများ လက်လွှတ်ခဲ့ရပြီးနောက် ကမ္ဘာတွင် ပရိသတ်ဆုံးရှုံးခဲ့ရသည်ဟု ဆိုခဲ့ သည်။

သို့သော် Brand Finance က ထိုသို့အချို့ဒေသများတွင် ပရိသတ် နည်းသွားနိုင်သော် လည်း အိန္ဒိယ၊ အရှေ့တောင်အာရှနှင့် တရုတ်ကဲ့သို့သော ဒေသများ၌ မန်ယူပရိသတ် များပြား နေဆဲဖြစ်ကာ မကြာမီက ချက်ဗလက်ကားကုမ္ပဏီနှင့် စပွန်ဆာ၊ အက်ဒီးဒတ်စ်ကုမ္ပဏီတို့နှင့် ပေါင်သန်း ၇၅၀ တန်စပွန်ဆာစာချုပ် များမှာ မန်ယူ၏ ဘဏ္ဍာရေး အရအောင်မြင်မှုကို ပြသနေဆဲဖြစ် သည်ဟု ဆိုသည်။

ထို့ပြင်မန်ယူသည် ယခုနှစ်တွင် ပရီးမီးယားလိဂ်ရုပ်သံထုတ်လွှင့်ခွင့် စံချိန်တင်များလာခြင်းကြောင့် ဝင်ငွေပိုမိုရခဲ့သည်။
ဘိုင်ယန်သည် ယခုနှစ်စာရင်းတွင် ဒုတိယဖြစ်ပြီး ရီးရဲလ်တတိယနှင့် ပီအက်စ်ဂျီ အဆင့် ကိုးဖြစ်ခဲ့သည်။
ယခုနှစ် ထိပ်တန်း ၁၀ သင်းတွင် မည်သည့်အီတာလျံ ကလပ်မှမပါဝင်ခဲ့ပေ။
BBC , KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment