Pages

Wednesday, March 18, 2015

ရန်ကုန်သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ရန် လျှောက်ထားမှု ယခင်နှစ်ထက်ပိုများ


RangonNewsDaily:: March . 18 .2015
ယခုနှစ်သင်္ကြန်တွင် မဏ္ဍပ်ဆောက်လုပ်ခဈေးနှုန်းများ တိုးမြင့်ကောက်ခံခဲ့သော်လည်း မဏ္ဍပ်ဆောက်လုပ်ရန် လျှောက် ထားမှုမှာ ယခင်နှစ်ထက် ပိုမိုများ ပြားကြောင်း သတင်းရရှိသည်။

ယခင်နှစ်က မဏ္ဍပ်အကြီး အတွက် ကျပ် ၇၅ သိန်းနှင့် မဏ္ဍပ်အလတ်အတွက် ၄၅ သိန်းကောက်ခံခဲ့သော်လည်း ယခုနှစ်အတွက် မဏ္ဍပ်အကြီး ကျပ် သိန်း၁၀၀ နှင့် မဏ္ဍပ်အလတ် ကျပ် သိန်း၆၀ကောက်ခံခဲ့သည်။ သို့သော်လည်း မဏ္ဍပ်ဆောက်လုပ်ရန် မြို့တော်စည်ပင်သို့ လျှောက်ထားမှုများမှာ ယခင်နှစ်ထက်နှစ်ဆခန့် ပိုများနေကြောင်း သ တင်းရရှိသည်။

ယမန်နှစ်က မဏ္ဍပ်ဆောက် လုပ်ရန် လျှောက်ထားမှုမှာ ၁၈၁ ခုရှိသော်လည်း ယခုနှစ်တွင် ၂၀၄ ခု ဆောက်လုပ်ခွင့်တင်ထားပြီး စိ စစ်ရွေးချယ်ကာ ခွင့်ပြုပေးမည်ဟု စည်ပင်သာယာရေး လမ်းနှင့် တံတားဌာန ဒုတိယ ဌာနမှူး ဦးစိုးသိန်းအောင်က ပြောသည်။ ‘‘လမ်းပိတ်ဆို့မှုမရှိစေဖို့ ဘယ် ဘက်ဆို ဘယ်ဘက်တစ်လျှောက်၊ ညာဆိုညာဘက်တစ်လျှောက်စီ တန်းပြီး မဏ္ဍပ်ဆောက်လုပ်ခွင့်ပြု သွားမယ်’’ဟု ၎င်းက ပြောသည်။

ယမန်နှစ်က ရန်ကုန်တစ်မြို့ လုံး၌ မဏ္ဍပ်အကြီး ၄၄ ခုနှင့် မဏ္ဍပ်အလတ် ၁၄ ခုချထားပေးခဲ့သည်။ ယခုနှစ်တွင် ရန်ကုန်တစ်မြို့လုံး အတွက် မဏ္ဍပ် ၇၀ ခန့်ချထားပေးမည်ဟု နိုင်ငံပိုင်သတင်းစာများ တွင် ဖော်ပြထားသည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးနယ်နိမိတ်အတွင်း သင်္ကြန်မဏ္ဍပ်များ တည်ဆောက် ခြင်းကို သုံးပိုင်းခွဲခြားထားပြီး မဏ္ဍပ်ကြီးအဖြစ် မျက်နှာစာ အ ရှည်ပေ ၁၀၀ မှ ၁၂၀ အကြား၊ မြေပြင်မှ ပေ ၂၀ အမြင့်သတ်မှတ်ထားပြီး မဏ္ဍပ်အလတ်များကိုမူ အရှည်၉၉ ပေအောက်နှင့် ၁၆ ပေအမြင့် သတ်မှတ်ထားသည်။ မဏ္ဍပ်ငယ် များကိုမူ ယင်းထက်နိမ့်ကာ တည် ဆောက်ကြရမည်ဖြစ်ပြီး သတ် မှတ်ပုံစံအတိုင်းမဟုတ်ဘဲ အ ကျယ်အ၀န်း ပိုမိုတည်ဆောက်ပါ က ဒဏ်ကြေးအဖြစ် တစ်ပေလျှင် ကျပ် တစ်သိန်းနှုန်းသတ်မှတ်ထား ကြောင်း မဏ္ဍပ်နေရာချထားရေး ကော်မတီက ထုတ်ပြန်သည်။

သန့်ရှင်းရေးဆောင်ရွက်ခ နှင့် ရေပိုက်ခများမှာ ယခင်နှစ်များ ကဲ့သို့ပင် ကောက်ခံမည်ဖြစ် ကြောင်း စည်ပင်သာယာလမ်းတံ တားဌာနမှ သတင်း ရရှိသည်။

7 Day Daily, KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment