Pages

Wednesday, March 18, 2015

သင်္ကြန်ကာလ ရန်ကုန်ရှိ မြို့နယ်အချို့ အလှည့်ကျစနစ်ဖြင့် ရေပေးဝေမည်

RangonNewsDaily:: March . 18 .2015
သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရှိ မြို့နယ်တချို့အား အလှည့်ကျ စနစ်ဖြင့် ရေပေးဝေသွားမည်ဖြစ်ကြောင်း သိ ရသည်။
ရန်ကုန်မြို့ စည်ပင်သာယာနယ် နိမိတ်အတွင်းရှိ မြို့နယ် ၁ဝ မြို့နယ်အား အလှည့်ကျစနစ် ရေပေးဝေသွားမည်ဖြစ်ပြီး အဆိုပါ ၁ဝမြို့နယ်တွင်
ကျောက်တံတား၊
ပန်း ဆိုးတန်း၊
လသာ၊
လမ်းမတော်၊
ဒဂုံ၊
ဗဟန်း၊
အလုံ၊
ကြည့်မြင်တိုင်၊
စမ်းချောင်းနှင့်
မရမ်း ကုန်း မြို့နယ်တို့
ပါဝင်ကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေး aက်ာမတီ ရေနှင့် သန့်ရှင်းရေးဌာနမှသိရသည်။


ပန်းဆိုးတန်း၊ လသာ၊ လမ်းမတော်၊ ဒဂုံနှင့်ဗဟန်းမြို့နယ်များတွင် နံနက် ၇နာရီ မှ ၁၁နာရီအတွင်း၊ ညနေ ၃နာရီမှ ၆နာရီ အတွင်း ရေပေးဝေသွားမည်ဖြစ်ပြီး ကျန်မြို့ နယ်များဖြစ်သည့် အလုံ၊ ကြည့်မြင်တိုင်၊ စမ်း ချောင်းနှင့် မရမ်းကုန်းမြို့နယ်များတွင် နံနက် ၇နာရီမှ ၁ဝနာရီအထိ ပေးဝေသွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ ရေပေးဝေမည့်အစီအစဉ် မှာ ဧပြီ ၁၃ရက် သင်္ကြန်အကြိုနေ့မှ ဧပြီ ၁၆ ရက် သင်္ကြန်အတက်အထိ အကျုံးဝင်ကြောင်း သိရသည်။

''လူအများဆုံး ရေကစားတဲ့အချိန် ကို ပေးဖို့ဆုံးဖြတ်တာပါ။ ဟိုတုန်းကထက် ပိုပြီး ပေးလာနိုင်ပါတယ်။ သက်ဆိုင်ရာမြို့ နယ်အလိုက် ရေပေးဝေမှုအပေါ် မူတည်ပြီး ရေပိုက်လိုင်းနက်ဝေါ့တွေ ချိတ်ဆက်ထားပါ တယ်။
ရေးပေးဝေနေစဉ် ကာလအတွင်း ရေ ပိုက်ပြဿနာ တစ်စုံတစ်ရာတက်တာကို ဖြေ ရှင်းဖို့ သက်ဆိုင်ရာမြို့နယ်အလိုက် အုပ်ချုပ် ရေးမှူးရုံးတွေမှာ ဌာနကလူတွေ ချထားပေး သွားမှာ ဖြစ်ပါတယ်'' ဟု ရေနှင့်သန့်ရှင်း ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

သတ်မှတ်ထားသော အဆိုပါမြို့ နယ်များမှအပ ကျန်မြို့နယ်များအား ပုံမှန် ရေပေးဝေချိန်အတိုင်းသာ ပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။

TheFlowerNews, KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment