Pages

Friday, January 30, 2015

ဗိုလ်ချုပ်ရာပြည့်မွေးနေ့ ဂုဏ်ပြုလမ်းလျှောက်သူ မိုင်ရှစ်ရာကျော်ခရီးပေါက်


RangonNewsDaily:: January . 30 .2015
ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင် ဆန်း၏ နှစ် (၁၀၀)ပြည့်မွေးနေ့ အတွက် တစ်ကိုယ်တော်ဂုဏ်ပြု လမ်းလျှောက်သူသည် ပြည်မြို့ သို့ ဇန်နဝါရီ ၂၉ ရက်က ရောက် ရှိကာ ဖြတ်သန်းသွားခဲ့ကြောင်း သတင်းရရှိသည်။

တစ်ကိုယ်တော်လမ်း လျှောက်သူ ဦးအောင်သူသည် ဇန်နဝါရီ ၁ ရက်က မြိတ်မြို့မှ စတင်ကာ လမ်းလျှောက်ခဲ့ခြင်း ဖြစ်ပြီး ပြည်မြို့ရောက်သည်အထိ မိုင်ပေါင်းရှစ်ရာကျော် လမ်း လျှောက်ခဲ့ကာ အောင်လံမြို့သို့ ဆက်လက်ထွက်ခွာသွားသည်။
‘‘ပြည်သူတစ်ယောက်အနေ နဲ့ ဗိုလ်ချုပ်ရာပြည့်မွေးနေ့ကို ဂုဏ်ပြုလှုံ့ဆော်တဲ့အနေနဲ့ လျှောက်ဖြစ်တယ်။ တစ်ရက် မိုင် ၃၀ ကျော်လောက်လျှောက် ဖြစ်တယ်။ အောင်လံမရောက်မီ လမ်းခုလတ်တစ်နေရာရာမှာ ည အိပ်ဖြစ်တယ်’’ဟု ဦးအောင်သူက ပြောသည်။

မြိုတ်မြို့မှ နတ်မောက်မြို့ အထိ ဗိုလ်ချုပ်အောင်ဆန်းရာ ပြည့်မွေးနေ့ဂုဏ်ပြုလမ်းလျှောက် သူအား ဖြတ်သန်းရာမြို့နယ်များ မှ နိုင်ငံရေးအင်အားစုများ၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ ဝင်များက လိုအပ်သည့်ကူညီ စောင့်ရှောက်မှုများပေးလျက်ရှိ ကြောင်း သိရသည်

ဗိုလ်ချုပ်ရာပြည့်မွေးနေ့ဂုဏ်ပြုလမ်းလျှောက်နေသူ (ဓာတ်ပုံ−ဇော်မင်းထိုက်)

7Day Daily , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment