Pages

Friday, January 30, 2015

ဖိအားပေးမှ တွေ့ဆုံဆွေးနွေးမှုကို လက်ခံခြင်းသည် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီဟု ဒေါ်အောင်ဆန်းစုကြည်ပြော

RangonNewsDaily:: January . 30 .2015
ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပေးမှု သည် သမ္မတပေါ်တွင် မူတည်နေပြီး ဖိအားပေးမှုများနှင့် မကျေ နပ်မှုများအရှိန်တက်လာသည့်အချိန်မှ တွေ့ဆုံဆွေးနွေးမှုကို လက်ခံခြင်းသည် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။

‘‘ခြောက်ပွင့်ဆိုင်ဆိုတာ လုပ်သင့်တယ်ပေါ့နော်။ လုပ်မယ်၊ မလုပ်မယ်ဆိုတာတော့ ထားလိုက်။အဓိကကတော့ သမ္မတပေါ်မှာ မူတည်တယ်။ ဒါပေမဲ့ အမေ ကတော့ ရှင်းရှင်းလင်းလင်းပြော ချင်တယ်။ ဒီလိုဆွေးနွေးညှိနှိုင်း သင့်တဲ့ကိစ္စတွေကို စောစောစီး စီးလုပ်တာ အကောင်းဆုံးပဲ။ အခုလိုပေါ့။ ဖိအားပေးမှ၊ မကျေနပ်မှု တွေအရှိန်တက်လာမှ ညှိနှိုင်း ဆွေးနွေးတိုင်ပင်မှုတွေကို လက်ခံတယ်ဆိုတာ ဒါဒီမိုကရေစီစံချိန် စံညွှန်းနဲ့ မကိုက်ညီဘူးလို့ ဒီလိုပဲမြင်တယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို လွှတ်တော်သို့ မတင်ပြမီ ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုကို လုပ်ဆောင် သင့်၊ မသင့် ဇန်န၀ါရီ ၂၉ ရက်က ပြည်သူ့လွှတ်တော် အစည်း အဝေးမကျင်းပမီ သတင်းမီဒီယာ များ၏မေးမြန်းမှုအပေါ် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ပေးရန် ကျောင်းသားများက သပိတ်မှောက် တောင်းဆိုသည့်အခါတွင်မှ တွေ့ဆုံဆွေးနွေးမှုအား အစိုးရလက်ခံ ခြင်းကို ဥပမာထားပြီး ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

‘‘ဒီမိုကရေစီဆိုတာ ညှိနှိုင်း ဆွေးနွေးမှုကို လိုလိုလားလားနဲ့ ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတစ် ခုအနေနဲ့ လက်ခံရမယ်။ အတင်း ဖိအားပေးလို့ ပြဿနာတွေ မဖြေ ရှင်းနိုင်တော့မှ၊ ပြဿနာတွေပွား လာတော့မှ ဆွေးနွေးပါမယ်ဆို တာ ဒီဟာကတော့ ဆွေးနွေးညှိ နှိုင်းမှုရဲ့ တန်ဖိုးကို တကယ်ပဲနား မလည်သေးလို့ပဲ ဒီလိုပဲမြင်ပါ တယ်’’ဟု ၎င်းကဆိုသည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပ ဒေပြင်ဆင်ရာတွင် အကျပ်အ တည်းမဖြစ်စေရန် နိုင်ငံတော် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ ဥက္က ဋ္ဌများ၊ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးတို့ တွေ့ဆုံ ဆွေးနွေးရန် အရေးကြီးအဆိုတစ် ရပ်ကို ပြီးခဲ့သည့် နိုဝင်ဘာက ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးခဲ့ သော်လည်း လက်ရှိအချိန်အထိ ခြောက်ပွင့်ဆိုင်တွေ့ဆုံမှု ပြုလုပ် ရခြင်းမရှိသေးပေ။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် ခြောက်ပွင့် ဆိုင်တွေ့ဆုံရေးထက် အားလုံးပါ ၀င်သော ဆွေးနွေးမှုဖြစ်ရေးပိုမို လိုလားကြောင်း သမ္မတက လွှတ် တော်သို့ သ၀ဏ်လွှာပေးပို့ခဲ့ သော်လည်း ပြည်ထောင်စုလွှတ် တော်က ခြောက်ပွင့်ဆိုင်ဆွေး နွေးပွဲကိုသာလိုလားပြီး ဆွေးနွေး ပွဲအမြန်ဆုံးဖြစ်မြောက်ရန် ပြုလုပ်ပေးစေလိုသည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကျင်းပ ခဲ့သည့် ပြည်ထောင်စုလွှတ်တော် က နိုင်ငံတော်သမ္မတထံ သ၀ဏ် လွှာပြန်လည်ပေးပို့ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကို လွှတ်တော်တွင် ဆွေးနွေးသည့်အခါ လူထုက ပြင်ဆင် ရန်တောင်းဆိုထားသည့် ပုဒ်မကိုမပြင်ဆင်ပေးပါက ဖြစ်ပေါ်လာမည့်တုံ့ပြန်မှုများကို စိုးရိမ်မိကြောင်း ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုတွင် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များကို ကိုယ်စားပြု၍တက်ရောက် ရန် ရွေးချယ်ခံထားရသည့် ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် ကပြောသည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment