Pages

Friday, January 30, 2015

တရုတ်သို့ ပို့ဆောင်မည့် သစ်များ ထပ်မံဖမ်းဆီး

RangonNewsDaily:: January . 30 .2015
ကချင်ပြည်နယ်မှ သစ်များကို ခိုးယူနေသည့် တရုတ်သစ်ခိုးဂိုဏ်းများကို ဆက်လက်ဖမ်းဆီးရာ အရွယ်စုံသစ် ၆၈၇၅လုံး ဇန်န၀ါရီလ ၂၃ရက်မှ ၂၈ ရက်အတွင်း ယန္တရားနှင့် တခြားယာဉ်များ စုစုပေါင်း ၁၅ စီး ဖမ်းဆီး ရမိကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်၊
ပြီးခဲ့သည့် ဇန်န၀ါရီလ ၂ရက် ကလည်း ဝိုင်းမော်မြို့နယ်၊ မံဝိန်း၊ မံတောင်၊ လောခွန်ယန်ဒေသအတွင်း၌ သစ်ခိုးထုတ်နေသည့် တရုတ် နိုင်ငံသား ၁၃၉ ဦး၊ မြန်မာနိုင်ငံသား ၂၀ကို သစ်မျိုးစုံ အလုံးပေါင်း ၂၄၀၊ သစ်တင်ဆောင် သည့် ၁၀ဘီး ယာဉ်၊ ၆ဘီးယာဉ်၊ ကရိန်းနှင့် စက်ယန္တရား စုစုပေါင်း ၄၄၇စီး ဖမ်းဆီးရမိခဲ့သေးသည်။

ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်လုပ်နေသည့် တရုတ်သစ်ကုန်သည်များ အနေဖြင့် စက်ယန္တရားများကို အကြွေးဖြင့် ၀ယ်ယူ ထုတ်လုပ်ခြင်းဖြစ်သည့်အတွက် ဖမ်းဆီးမှုများကြောင့် နစ်နာဆုံးရှုံးမှုများရှိကြောင်း ယူနန်ပြည်နယ် အာဏာပိုင်များအနေဖြင့် ကြားဝင်ဆောင်ရွက်ပေးရန် မကြာသေးမီက တရုတ်သစ်ကုန်သည် ၂၃ဦးက လက်မှတ်ထိုးတောင်းဆိုခဲ့သည်။ 

တရုတ်နိုင်ငံအနေဖြင့် သစ်အမှအစ ကြေးနီအဆုံး မြန်မာ့သယံ ဇတများကို မတရားနည်းဖြင့် ရယူနေကြောင်း အမေရိကန်အခြေစိုက် The New York Times က ဝေဖန်ရေးသားခဲ့သေးသည်။

ဧရာဝတီ , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment