Pages

Sunday, January 11, 2015

စီမံချက်ဖြင့် ခိုးကူးခွေဖမ်းဆီးမှု စူပါမားကက်ခွေဆိုင်များမပါ


RangonNewsDaily:: January . 11 .2015
ရန်ကုန်တိုင်းဒေသကြီး အတွင်း စီမံချက်ဖြင့် နိုင်ငံခြားခိုး ကူးခွေများကို လိုက်လံဖမ်းဆီးရာ တွင် လမ်းဘေးခွေဆိုင်များကို ဖမ်းဆီးအရေးယူသော်လည်း စူပါ မားကက်ကြီးများတွင် ရောင်းချ နေသော ကူးခွေများကို ဖမ်းဆီး ခြင်း မရှိသေးကြောင်း သတင်း ရရှိသည်။

စူပါမားကက်ကြီးများတွင် ရောင်းချသော ခွေအများစုမှာ လည်း တရားဝင် ရောင်းချခွင့် မရှိသော အခွေများဖြစ်သော် လည်း ယနေ့ချိန်ထိ ဖမ်းဆီးအရေး ယူခံရသော ဆိုင်မရှိသေးကြောင်း နိုင်ငံခြားကားကူးယူ ရောင်းချသူ များက ဆိုသည်။

‘‘သူတို့ရောင်းတဲ့ နိုင်ငံခြား ကလည်း တရားဝင်အခွန်ဆောင် ပြီး ရောင်းချခွင့်ရှိတဲ့ အခွေတွေ မဟုတ်ပါဘူး။ တရားဝင်ရောင်းချ ခွင့်ရတဲ့ အခွေဆိုလည်း လူအများစု ၀ယ်မကြည့်နိုင်ပါဘူး။ ဥပဒေဆို တာအားလုံးအတွက် တစ်ပြေးညီ ဆိုရင် ဒီဆိုင်တွေက ဘယ်သူဖွင့် လို့ မဖမ်းရဲတာလဲ’’ ဟု အခွေရောင်းချသူ ကိုခိုင်က ပြောသည်။

ခိုးကူးခွေရောင်းချသူများ အနေဖြင့် ညစ်ညမ်းကားများ၊ မြန်မာသီချင်းခွေများ ကူးယူ ရောင်းချပါက ဖမ်းဆီးသင့်သော် လည်း ယခုကဲ့သို့ ကူးခွေများအား ဖမ်းဆီးအရေးယူပြီး ထောင်ဒဏ် သုံးလချသည်မှာ တရားမျှတမှုမရှိ ကြောင်း ခိုးကူးခွေရောင်းချမှုဖြင့် ထောင်ကျခံရသူတစ်ဦးက ဆိုသည်။‘‘ကျွန်တော်တို့က သူများ ဟာ ခိုးတာမဟုတ်ဘူး။ စော်ကား ဆဲဆိုနေတာလည်း မဟုတ်ဘူး။ ကိုယ့်ပိုက်ဆံလေးနဲ့ ရှိတာ လုပ် စားတယ်။ ဖမ်းတော့လည်း ထွက် ပြေးတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ထောင်ဒဏ်သုံးလကတော့ မတ ရားဘူးထင်တယ်။ ခုရောင်းနေ တဲ့ ဂိမ်းခွေတွေကရော တရားဝင် လို့လား မေးကြည့်ချင်တယ်’’ ဟု ၎င်းကပြောသည်။

နိုင်ငံခြားကူးခွေ ရောင်းချသူ များအနေဖြင့် မြို့နယ်အလိုက် နယ်ထိန်းများအား အလှူငွေပေးရ သော်လည်း ရောင်းချသည့်ဆိုင် ချင်း မတူညီသကဲ့သို့ ပေးရသည့် ငွေကြေးမှာလည်း သောင်းဂဏန်း မှ သိန်းဂဏန်းထိပေးရသော ဆိုင် များရှိကြောင်း ဆိုင်ဖွင်သူအချို့ က ဆိုသည်။

‘‘မြို့နယ်တွေက မတူတော့ ပေးရတဲ့ ငွေလည်းမတူပါဘူး။ ကိုယ့်မြို့နယ်အလိုက် ညှိပေးရ တာများတယ်။ သူတို့ကလည်း အများကြီးတော့ မတောင်းဘူး။ ဒိုင်တွေဆိုရင်တော့ သိန်းဂဏန်း ပေးရမှာပေါ့။ ဘာလို့လဲဆိုရင် သူတို့ဖမ်းတဲ့အခါ ဒိုင်တွေ ဘယ် ကနေ ခွေဖြန့်တယ်ဆိုတာ သိနေ တော့ ဖမ်းချင်ရင် ၀င်ဖမ်းတယ်။ မဖမ်းချင်ရင်တော့ ဘာမှမပြော ဘူး’’ဟု အခွေရောင်းသူအချို့က ပြောသည်။

ယခုကဲ့သို့ နိုင်ငံခြားကူးခွေ များကို ၂၀၁၂ အတွင်း ခိုးကူး ခွေ ခြောက်သိန်းသုံးသောင်းကျော် ဖျက်ဆီးခဲ့ပြီး စီမံချက်ဖြင့် ဖမ်းဆီး ရခြင်းမှာ မြန်မာနိုင်ငံ ရုပ်ရှင်အ စည်းအရုံးနှင့် ဂီတအစည်းအရုံး တို့မှ ရန်ကုန်တိုင်းဒေသကြီး အ စိုးရသို့ တိုင်ကြားသည့်အတွက် လိုက်လံဖမ်းဆီးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

လမ်းဘေးအခွေဆိုင်တစ်ဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

7Day Daily , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment