Pages

Sunday, January 11, 2015

ကြည့်မြင်တိုင် လေဟာပြင်ညဈေး မီးလောင်


RangonNewsDaily:: January . 11 .2015
ကြည့်မြင်တိုင် မကျည်းတောင် အရှေ့ရပ်ကွက်၊ ရွှေလှိုင်လမ်း ကြည့်မြင်တိုင် လဟာပြင် ညဈေးတွင် ဇန်နဝါရီ ၁၀ရက် နံနက် ၅နာရီ ၄၅ မိနစ်ခန့်က မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်း ၇ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ဈေးရှိ ဈေးရုံအမှတ် (ဈ)၊ ဓာတ်ဗူး အရောင်းဆိုင်တွင် ဈေးပိတ်ချိန် နိုဝင်ဘာလ ၉ရက် ည ၉ နာရီခန့်က ဆေးလိပ်မီးကို မငြှိမ်းဘဲ သစ်သားဘောင်ပေါ်တွင် တင်ထားခဲ့ရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး လောင်ကျွမ်းချိန် နာရီဝက်နီးပါး ကြာမြင့်ခဲ့ကြောင်း အဆိုပါ ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းသော ဆိုင်၏ ဆိုင်ပိုင်ရှင် အသက် ၇၅နှစ်အရွယ် ဦမွန်မြှားကို (ပ) ၂၆/၁၅၊ ပုဒ်မ ၂၈၅ဖြင့် အရေးယူထားကြောင်း ကြည့်မြင်တိုင်မြို့မ ရဲစခန်းထံမှ သိရသည်။

The Voice , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment