Pages

Monday, January 26, 2015

အောင်မြင်မှုဆိုတာ ကိုယ်ကသတ်မှတ်လို့ မရဘူးလို့ ပြောလာတဲ့ ခိုင်သင်းကြည်


RangonNewsDaily:: January . 26 .2015
“အောင်မြင်မှုဆိုတာ ကိုယ်က သတ်မှတ်လို့မရဘူး။ ပရိသတ်က ပေးတာ။ ငယ်ငယ်တုန်းကဆိုရင် ကြော်ငြာတွေရိုက်ရင် ပရော်ဖက်ရှင် နယ် အနုပညာကြေးဆိုပြီး သတ်မှတ်ပြီး မရိုက်ခဲ့ဖူးဘူး။ ပေးချင်ရင်ပေး၊ မပေးရင်နေ ရိုက်ရပြီးရော။ အဲဒီလို မျိုးထိ ရူးသွပ်ခဲ့တာ” လို့ ပြောလာသူကတော့ ခိုင်သင်းကြည်ပဲဖြစ်ပါတယ်။
အနုပညာ ကြေးမသတ်မှတ်ခဲ့ ဘဲ ပရိုဂျူဆာတွေက သူတို့ဘာသာ အနုပညာကြေးတစ်ခု သတ် မှတ်ပြီး ပေးခဲ့ခြင်းဖြစ် တယ်လို့ ပြောပြလာတဲ့ ခိုင်သင်းကြည်က..

“ပရိသတ်က လက်ခံအားပေးလာတဲ့အခါ အဲဒီမှာ အနုပညာကြေး ဘယ်လောက် ယူသလဲလို့ လာမေးတော့ အံ့သြခဲ့ရတယ်။ အနုပညာ ကြေးပေး သလောက်နဲ့ပဲ ကိုယ်က ရိုက်ခဲ့တာကိုး။ အဲဒီလောက်ကလေး ကိုယ့်ကိုယ်ကိုယ် အောင်မြင်ပြီလို့ ထင်ခဲ့တာပါ။ဒါပေမဲ့ အဲဒါ အောင်မြင်မှုမဟုတ်သေး ဘူး။ 

ပရော်ဖက်ရှင် နယ်အနေနဲ့ သိကြရုံပဲရှိသေးတယ်။ ပရော်ဖက်ရှင်နယ်အလုပ် တစ်ခု အနေနဲ့ လုပ်လို့ရလာတာပေါ့။ အနုပညာတစ်ခုကို ဝါသနာပါလို့ ဒီအ တွက် ပေးဆပ်ရင်းနဲ့ ကိုယ့် အတွက် အောင်မြင်မှုဆိုတဲ့ နေရာ တစ်ခုရယူနိုင်ခဲ့တယ်။ အောင်မြင်ဖို့ဆိုတာ အဓိက ဝါသနာပါမှ။ ကိုယ် လုပ်တဲ့ အနုပညာလေးတွေကိုလည်း အခုအချိန်ထိ ပရိသတ်က အသိအမှတ်ပြုကြတယ်။ အားပေးကြတယ်။ အဲဒီအတွက် ဝမ်းသာ တယ်။

အခုမျိုးဆက်သစ်လူငယ်တွေအပေါ် အကြံပြုစကားပြောရ ရင်တော့တစ်ဖက်ကလည်း အရည်အချင်းပြည့်မီမှ အားလုံးထဲက တစ်ယောက်ထွက်နိုင် မှာလေ။ အခုဒီဘက်ခေတ်မှာကျတော့ ချန် နယ်တွေလည်း များလာသလို ဂျာနယ်မဂ္ဂဇင်းတွေလည်း များလာ ပြီ။ ပရိသတ်အတွက် ကြည့်စရာ၊ ရွေး ချယ်စရာတွေလည်း များလာ သလို မျိုးဆက် သစ်တွေအနေနဲ့လည်း အစ်မတို့တုန်းကဆို ဖျော်ဖြေရေးကဏ္ဍတွေက ဒီလောက်ထိမရှိခဲ့ဘူး။ 

အခုအချိန်မှာ အများကြီးပဲ။ ဒီအခွင့်အလမ်းတွေက ကိုယ့်အတွက် အခွင့်အရေး တွေ တအားများပါတယ်။ အစ်မအမြဲပြောဖူးပါတယ်။ အစ်မတို့ တုန်းကဆိုရင်အရေအတွက်အရမ်းနည်းတယ်။ တီဗီချန်နယ် ဆိုရင်လည်း မြန်မာ့ အသံတစ်ခုပဲ စပေါ်သေးတယ်။ အခုအချိန် မှာတော့ အခွင့်အလမ်း က ဒီတစ်ခုမကတော့ဘူး။ ရွေးချယ်စရာ တွေရှိလာပြီ။ အဲဒီအပေါ်မှာ အကောင်းဆုံး ကြိုးစားသွားကြပါလို့ ပြောချင်ပါတယ်” လို့ ပြော ပြခဲ့ပါတယ်။

Popular Journal , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment