Pages

Monday, January 26, 2015

Galaxy A စီးရီးဖုန်း ၀ယ်လျှင် အူရီးဒူးက 1GB အင်တာနက်သုံးခွင့် သုံးလပေးမည်


RangonNewsDaily:: January . 26 .2015
ပြည်တွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုပေးနေသည့် အော်ပရေတာကုမ္ပဏီဖြစ်သော အူရီးဒူးက Samsung နှင့် ပူးပေါင်းမှုများ ပြုလုပ်ခဲ့ပြီး Samsung ထုတ် Galaxy A စီးရီးစမတ်ဖုန်းများကို ဝယ်ယူပါက အင်တာ နက် အခမဲ့အသုံးပြုခွင့် တစ်လလျှင် 1GB ဖြင့် သုံးလဆက်တိုက်ပေးသွားမည်ဟု ဇန်နဝါရီ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

အင်တာနက် အခမဲ့အသုံးပြုခွင့်ကို Galaxy A စီးရီး စမတ်ဖုန်းများဖြစ်သည့် Galaxy A3 နှင့် A5 စမတ်ဖုန်း များဝယ်ယူလျှင် ရရှိနိုင်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Galaxy A စီးရီးစမတ်ဖုန်းဝယ်ယူပြီး အူရီးဒူးဖုန်းကတ်အတွင်း ကျပ် ၃,ဝဝဝ ဖြည့်သွင်းပြီးတိုင်း လစဉ်1GB အင်တာနက် အသုံးပြုခွင့်အခမဲ့ပေးသွားမည်ဖြစ်ပြီး ယင်း အပိုဆောင်းဝန်ဆောင်မှုကို သုံးလဆက် တိုက်ပေးသွားမည်ဟု အူရီးဒူး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အူရီးဒူး၏ အကြီးတန်း လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေးမန်နေဂျာ ဒေါ်သီရိ ကြာညိုက ''အူရီးဒူးနဲ့ ဆမ် ဆောင်း ပူးပေါင်းပြီး နောက်ဆုံးပေါ်စမတ်ဖုန်းနဲ့ ကမ္ဘာ့အဆင့်မီ ကွန်ရက်ကို ပေးနိုင်တဲ့အတွက် အောင်မြင် တဲ့ပူးပေါင်းမှုလို့ ပြောချင်ပါတယ်''ဟု ပြောသည်။

တန်ဖိုးအားဖြင့် Galaxy A3 သည်ကျပ် ၂၉၉,၉ဝဝ ရှိမည်ဖြစ်ပြီး Galaxy A5 သည်ကျပ် ၃၉၅,ဝဝဝ ဖြစ်သည်။

Mizzima - KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment