Pages

Saturday, December 20, 2014

ရန်ကုန် လှိုင်တက္ကသိုလ်နယ်မြေ RC-2 ထဲ လက်တွန်းလှည်းအကင်ဆိုင်က ဂတ်စ်ဘူး ပေါက်ကွဲ


RangonNewsDaily:: December . 20 .2014
ရန်ကုန် လှိုင်တက္ကသိုလ်နယ်မြေ RC-2 ထဲမှာ ဒီနေ့နံနက် ၁၀ နာရီခွဲခန့်က လက်တွန်းလှည်းနဲ့ ရောင်းတဲ့ အကင်ဆိုင်က ဂတ်စ်ဘူး ပေါက်ကွဲခဲ့တာကြောင့် ရောင်းချသူ အမျိုးသမီးနဲ့ စာမေးပွဲဖြေဖို့ ရောက်နေတဲ့ TTC ကျောင်းသား ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 
ဒဏ်ရာရ ကျောင်းသားတွေကို ရန်ကင်း ကလေးဆေးရုံကို ပို့လိုက်ပါပြီ။ ရောင်းချသူ အမျိုးသမီးကို ရန်ကုန်ဆေးရုံကြီးကို ပို့ထားပြီး သူကတော့ ဒဏ်ရာပြင်းတယ်လို့ ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာကို ရောက်နေတဲ့ The Voice သတင်းထောက်က ပြောပါတယ်။

The Voice ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment