Pages

Saturday, December 20, 2014

အမေရိကန်တွင် ပထမဆုံး ရဲအရာရှိဖြစ်လာသည့် ကရင်တိုင်းရင်းသား


RangonNewsDaily:: December . 20 .2014
အမေရိကန် ပြည်ထောင်စု စိန်ပေါလ် ရဲတပ်ဖွဲ့အကယ်ဒမီကနေ ဘွဲ့ရခဲ့တဲ့ စောလယ်ထူးဟာ ပထမဆုံး ရဲအရာရှိဖြစ်လာတဲ့ မြန်မာနိုင်ငံဖွား ကရင်တိုင်းရင်းသား ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၈ ရက်နေ့က ကျောင်းဆင်းခဲ့တဲ့ လယ်ထူးဟာ သင်တန်းမပြီးသေးသလို အတွေ့အကြုံ ရှိတဲ့ ၀ါရင့် အရာရှိတွေနဲ့ သီတင်း ၁၆ ပတ်ကြာ ကွင်းဆင်းရမယ်လို့ ပြောပါတယ်။

စောလယ်ထူးဟာ ၃ နှစ်သား အရွယ်အထိ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သလို ထိုင်းမြန်မာ နယ်စပ် ဒုက္ခသည် စခန်းမှာ ၁၅ နှစ်ကြာနေထိုင်ခဲ့တာဖြစ်ပါတယ်။
::
၂၀၀၉ ခုနှစ်မှာ အသက် ၁၈ နှစ်အရွယ် စောလယ်ထူးနဲ့ မိသားစုဟာ အမေရိကန် စိန့်ပေါလ်မှာ သွားရောက် အခြေချနေထိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှာတော့ စိန့်ပေါလ် ကိုမိုပတ်ခ် အထက်တန်းကျောင်းမှာ အောင်မြင်ခဲ့ပြီး ဥပဒေစိုးမိုးရေး အထူးပြုနဲ့ ဟန်နီပင် ကောင်တီ နည်းပညာကောလိပ်ကနေ ဘွဲ့ရခဲ့တာ ဖြစ်ပါ တယ်။
::
ရဲတပ်ဖွဲ့ဝင်တဦးဖြစ်ဖို့ ဆန္ဒပြင်းပြခဲ့ပြီးတဲ့နောက် စိန်ပေါလ် ရဲတပ်ဖွဲ့ရဲ့ အစီအစဉ်တခုကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

DVB ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment