Pages

Saturday, December 20, 2014

မဟာအောင်မြေ ကျောက်ဝိုင်း မပြောင်းရွှေ့ရေး တစ်ပတ် အတွင်း ဆန္ဒထုတ်ဖော်မည်

RangonNewsDaily:: December . 20 .2014
မြန်မာနိုင်ငံအတွင်းရှိ ကျောက်မျက် လုပ်ငန်းရှင် အများဆုံး ၀င်ထွက် လုပ်ကိုင် လျက်ရှိရာ မဟာအောင်မြေ ကျောက်ဝိုင်း မပြောင်းရွှေ့ရေး အတွက် တစ်ပတ် အတွင်း ဆန္ဒ ထုတ်ဖော် သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ပြုလုပ်သည့် ကျောက်ကုန်သည် ပွဲစားများ ဆန္ဒခံယူပွဲမှ သတင်းရရှိသည်။
မဟာအောင်မြေ ကျောက်မျက် ကုန်သည် ပွဲစား များ၏ ဆန္ဒခံယူပွဲကို မန္တလေးမြို့၊ မဟာ အောင်မြေ မြို့နယ်၊ ပုဂံ ကျောင်းတိုက် အတွင်းရှိ ကျောက်စိမ်း ရတနာ ဗိမာန်တွင် ပြုလုပ် ကျင်းပခဲ့သည်။

ကျွန်တော်တို့ ကျောက်ဝိုင်း မပြောင်း ရွှေ့ရေး အတွက် တစ်ပတ် အတွင်း ဆန္ဒ ထုတ်ဖော်မယ်။ (၂၄) နာရီ အတွင်းမှာ ခွင့်ပြုမိန့် တောင်းခံ သွားမယ်။ ဆန္ဒပြ လူအင်အား သောင်းဂဏာန်း လောက်ထိ တင်သွားမယ် ဟု ကျောက်စိမ်း ကုန်သည် ကိုသိန်းအောင်မြင့် က The Messenger Media သို့ပြောသည်။
::
ကျောက်ကုန်သည်များ အနေဖြင့် မန္တလေး မြို့တော်ဝန် ပြောကြားခဲ့သည့် ကျောက်ဝိုင်း ပြောင်းရွှေ့ရေးသည် မည်သူ့ သဘောထားမှ ယူစရာ မလိုဟူသည့် စကားကို အပြင်းအထန်ကန့်ကွက်သည့် အပြင်၊ကျောက်မျက် လုပ်ငန်းရှင် များနှင့် အခြေခံ ကျောက်မျက် အလုပ်သမားများ၏ သဘောထား ဆန္ဒကို မရယူဘဲ ကျောက်ဝိုင်း ပြောင်းရွှေ့မည့် အစီအစဉ်သည် လက်ရှိ ကျင့်သုံးနေသည့် ဒီမိုကရေစီ စနစ်နှင့် ကိုက်ညီမှု မရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မန္တလေးမြို့ရှိ နေ့စဉ် လူဦးရေ နှစ်သိန်း ၀န်းကျင်ခန့် လုပ်ကိုင် စားသောက်လျက် ရှိသည့် မဟာအောင်မြေ ကျောက်ဝိုင်းအား မပြောင်းရွှေ့ရေး အတွက် ကျောက်မျက် ကုန်သည် အများစုမှ ၀ိုင်းဝန်း ကန့်ကွက်မှု အမျိုးမျိုးရှိခဲ့ သော်လည်း ကျောက်ဝိုင်း ရွှေ့ပြောင်းမည့် အစီအစဉ်ကို ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်သာယာရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်မောင်းက တိုင်းဒေသကြီး လွှတ်တော်တွင် မီဒီယာ များသို့ ပြောကြားခဲ့သည်။
::
လက်ရှိ မဟာအောင်မြေ ကျောက်ဝိုင်း ဖွင့်လှစ်သည့် နေရာသည် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပိုင်ဆိုင်သည့် မြေနေရာ ဖြစ်ပြီး၊ ပြောင်းရွှေ့ရန် ဆောက်လုပ်ဆဲလျာ ထားသည့် နေရာသည် ရန်ကုန်-မန္တလေး ကားလမ်းမ အနောက်ဘက်၊ တံတားဦး မြို့နယ် အတွင်း တည်ရှိပြီး၊ ကျောက်စိမ်း စေတီတော်၊ ကျောက်စိမ်း ဥယျာဉ် မြို့တော်နှင့် ကျောက်မျက် ရောင်းဝယ်ရေး စခန်းသစ် ဆောက်လုပ်ဆဲ နေရာ ဖြစ်သည်။ မြန်မာနိုင်ငံသား တစ်ယောက် အနေနဲ့ ဥပဒေ အရ ဘောင်မကျော်တဲ့ ဆန္ဒထုတ်ဖော်မှုတွေ၊ လုပ်သင့် လုပ်ထိုက်တာတွေ လုပ်သွားမယ်ဟု ဆန္ဒခံယူပွဲ ဦးဆောင် ပြုလုပ်သူ မဟာအောင်မြေ ကျောက်ဝိုင်း အဆင့်မြှင့်တင်ရေး ကော်မတီဝင် ဦးသန်းဝင်း က ပြောကြားသည်။
::
မဟာအောင်မြေ ကျောက်ဝိုင်းမှ ကျောက်မျက် လုပ်ငန်းရှင်များနှင့် ကျောက်မျက် အလုပ်သမား အများစု၏ သဘောထား ဆန္ဒသည် ကျောက်ဝိုင်း ပြောင်းရွှေ့မည့် အစီအစဉ်ကို လိုလားခြင်း မရှိကြဘဲ၊ လက်ရှိ ကျောက်ဝိုင်း နေရာကို အဆင့်မြှင့်တင် ဆောင်ရွက်မည့် အစီအစဉ် ကိုသာ လိုလားကြ ကြောင်း လူဦးရေ တစ်သောင်းကျော် တက်ရောက်ခဲ့သည့် မဟာအောင်မြေ ကျောက်ဝိုင်း ကျောက်မျက် ကုန်သည်များ၏ ဆန္ဒခံယူပွဲမှ သိရသည်။

The Messenger ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment