Pages

Sunday, December 7, 2014

ဂြိုဟ်သိမ်ဂြိုဟ်မွှား စူးစမ်းလေ့လာရေး အာကာသယာဉ် Hayabusa 2 ကို ဂျပန်အောင်မြင်စွာ လွှတ်တင်


RangonNewsDaily:: December . 7 .2014
ဂျပန်နိုင်ငံသည် ၄င်းတို့၏ ဒုတိယမျိုးဆက် ဂြိုဟ်သိမ်ဂြိုဟ်မွှား စူးစမ်းလေ့လာရေး အာကာသယာဉ် Hayabusa 2 ကို ဒီဇင်ဘာ ၃ ရက်က အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့ကြောင်း သိရသည်။
Hayabusa 2 အမည်ရှိ အာကာသယာဉ်ကို H-2A Launch Vehicle No.26 (H-2A F26) အမည်ရှိ ဒုံးပျံယာဉ်ဖြင့် တင်ဆောင်ခဲ့ပြီး ၄င်းဒုံးပျံယာဉ်ကို နိုင်ငံ အနောက်တောင်ပိုင်း ကာဂိုရှီမာစီရင်စု ရှိ တာနဲဂါရှီမာ အာကာသစခန်းမှ ဒေသစံတော်ချိန် ၁ နာရီ ၂၂ မိနစ် ၄ စက္ကန့်တွင် လွှတ်တင် ခဲ့ကြောင်း မစ်ဆူဘီရှီကုမ္ပဏီ နှင့် ဂျပန် အာကာသ စူးစမ်း လေ့လာရေးအေဂျင်စီ ( JAXA ) တို့က ထုတ်ဖော် ပြောကြားခဲ့သည်။

Hayabusa 2 အာကာသယာဉ် လွှတ်တင်မှု အစီအစဉ်တွင် ပြဿနာ တစ်စုံတစ်ရာ မရှိခဲ့ကြောင်း၊ အဆိုပါ အာကာသယာဉ်ကို နိုဝင်ဘာ ၃ဝ ရက်တွင် လွှတ်တင်ရန် စီစဉ်ထား သော်လည်း ရာသီဥတု အခြေအနေ ဆိုးရွားမှုကြောင့် အချိန်ရွှေ့ဆိုင်း ခဲ့ရကြောင်း ဂျပန် အာကာသ အေဂျင်စီ က ထုတ်ဖော် ပြောကြား ခဲ့သည်။

Hayabusa 2 အာကာသယာဉ် သည် စကြဝဠာအတွင်း 1999 Ju3 အမည်ရှိ C-type အမျိုးအစား ဂြိုဟ်သိမ်ဂြိုဟ်မွှား များအနက် တစ်ခုကို စူးစမ်းလေ့လာရန် ဖြစ်ပြီး ၄င်း ဂြိုဟ်သိမ်ဂြိုဟ်မွှား အား ကမ္ဘာမြေပြင်သို့ ယူဆောင်လာမည် ဖြစ်ကြောင်း JAXA က ထုတ်ပြန် ခဲ့သည်။ JAXA အာကာသ အေဂျင်စီ ပထမအကြိမ် ဂြိုဟ်သိမ်ဂြိုဟ်မွှား စူးစမ်းလေ့လာ မှုကို ၁၉၉၉ ခုနှစ်က လုပ်ဆောင်ခဲ့ပြီး မီတာ ၉ဝဝ အချင်းရှိသော ဂြိုဟ်သိမ်ဂြိုဟ်မွှားကြီးတစ်လုံးကို စူးစမ်းလေ့လာ ခဲ့ကြောင်း သိရသည်။

Themyawadydaily , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment