Pages

Saturday, December 6, 2014

ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် နော်ဝေတက္ကသိုလ်တို့ပူးပေါင်း၍ စီမံခန့်ခွဲမှုမဟာဘွဲ့သင်တန်း ပထမအကြိမ် ဖွင့်လှစ်မည်


RangonNewsDaily:: December . 6 .2014
ရန်ကုန်စီးပွား ရေးတက္ကသိုလ်နှင့်နော်ဝေနိုင်ငံ Norwegian University of Science and Technology (NTNU), Know- ledge Development တို့ပူးပေါင်း ပြီး စီမံခန့်ခွဲမှုမဟာဘွဲ့သင်တန်းကို ပထမဆုံးအကြိမ် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံခန့်ခွဲမှုမဟာဘွဲ့ သင်တန်း (Master of Management) ကိုလာမည့် ၂ဝ၁၅ခုနှစ်၊ မတ် လတွင် ဖွင့်လှစ်ရန်စီစဉ်ထားပြီး သင် တန်းကာလမှာ စာတမ်းပြုစုခြင်းအပါ အဝင် နှစ်နှစ်ခန့်ကြာမြင့်မည်ဖြစ် ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ရန်ကုန် စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်နိုင်ဦးက''ဒီသင်တန်း အတွက် NTNU, KD, Telenor နဲ့ဆရာမတို့တက္ကသိုလ်က ပါမောက္ခ တွေပါတဲ့ Board အဖွဲ့က ရွေးချယ် ထားတဲ့သင်တန်းသားတွေရဲ့ဘွဲ့၊ ဒီ ဂရီအသေးစိတ်အချက်အလက်တွေ ကို ဒီမဟာဘွဲ့ပေးမယ့် NTNU ကို နောက်ဆုံးဆန်ခါတင်သင်တန်း သားရွေးချယ်ဖို့ပေးပို့ထားတယ်။ နောက်ဆုံး Final List ကို အ ယောက် ၄ဝရွေးမယ်ပြောတယ်''ဟု ပြောသည်။

ပထမဆုံးအကြိမ်ဖွင့်လှစ်မည့် စီမံခန့်ခွဲမှု မဟာဘွဲ့သင်တန်းတွင် သတင်းအချက်အလက်နှင့်ဆက် သွယ်ရေးနည်းပညာ(ICT)၊ စွမ်း အင်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ်များနှင့်စီမံခန့်ခွဲမှုဘာသာရပ်ကို အဓိကထားသင်ကြားပေး မည်ဖြစ်ကြောင်း၊ အသက် ၃ဝနှစ် အောက် MBA ဘွဲ့ရရှိထားသူ (သို့ မဟုတ်) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရ ရှိပြီးသူ၊ အင်္ဂလိပ်စာ စွမ်းရည်ကောင်း မွန်သူများလျှောက်ထားနိုင်ကြောင်း သိရသည်။

''သူတို့ကတော့ Oil and Gas အတွက်စီမံခန့်ခွဲရေးဆိုင်ရာပညာ ရပ်တွေသင်ပေးမယ်လို့ပြောတယ်။အိုင်စီတီနဲ့အင်ဂျင်နီယာနယ်ပယ်က လူတွေဆိုရင် ပိုပြီးသင့်တော်တယ် ပြောပေမယ့် Any Graduated လဲ လျှောက်လို့ရပါတယ်။ သင်တန်း ကြေးက ဒေါ်လာနဲ့ သွင်းရမယ်။ ဒါပေမဲ့ တယ်လီနောကုမ္ပဏီကနေ သင်တန်းသားအယောက် ၂ဝကို full scholarship ပေးဖို့ရှိတယ်''ဟု ဒေါက်တာခင်နိုင်ဦးက ထပ်မံပြော ကြားသည်။

အဆိုပါမဟာဘွဲ့သင်တန်း သားအယောက် ၂ဝကို တယ်လီနော ကုမ္ပဏီမှ ရာနှုန်းပြည့်ပညာသင်ဆု ပေးမည်ဖြစ်ပြီး နော်ဝေကုမ္ပဏီတ ချို့မှ ကျန်သင်တန်းသားများအတွက် ပညာသင်ဆုပေးနိုင်ရန်လည်းဆောင် ရွက်လျက်ရှိသည့်အတွက် နောက် ပိုင်း၌ သင်တန်းသားအားလုံးသည် ပညာသင်ဆုများ လျှောက်ထားနိုင် မည်ဖြစ်ကြောင်း၊ လက်ရှိတွင်တယ်လီ နောကုမ္ပဏီမှပေးအပ်မည့်ရာနှုန်း ပြည့်ပညာသင်ဆုကို သင်တန်းတက် ရောက်ရန်ရွေးချယ်ခံရသည့်ကျောင်း သားများ၏အရည်အချင်းပေါ်မူ တည်၍ ပေးအပ်သွားနိုင်ကြောင်း သိရသည်။

ယင်းစီမံခန့်ခွဲမှုမဟာဘွဲ့သင် တန်းလျှောက်လွှာများကို အောက်တို ဘာလခန့်ကခေါ်ယူခဲ့ကြောင်း၊ ရေး ဖြေစာမေးပွဲကျင်းပပြီး သင်တန်းသား များ စိစစ်ရွေးချယ်ခဲ့ရာ သင်တန်းသား ၁ဝဝကျော်သည် Norwegian University of Science and Technology (NTNU) ၏ နောက်ဆုံး ဆန်ခါတင် ၄ဝဦးစာရင်းတွင် ထပ်မံ အရွေးချယ်ခံရမည်ဖြစ်သည်။ 


ဒီမိုကရေစီတူဒေး , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment