Pages

Sunday, December 7, 2014

Times Square မှ ကမ္ဘာ့အကြီးဆုံး 4K UltraHD Electronic Billboard


RangonNewsDaily:: December . 7 .2014
Mitsubishi Electric Corp. မှ ထုတ်လုပ်ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည့် 4K UltraHD ပုံထွက်နှုန်းရှိ Electronic Billboard ကြီးကို နူးယောက်ခ်မြို့၏ ကမ္ဘာကျော် Time Square ၌ ပြီးခဲ့သည့် သတင်းပတ်အတွင်းက စတင်ဖွင့်လှစ်ခဲ့ပါတယ်။
မီတာ ၁၀၀ အကျယ်ရှိပြီး ၂၄ မီတာ အမြင့်ရှိတဲ့ ဤဧရာမ Billboard ကြီးဟာ နူးယောက်ခ်မြို့လယ်ခေါင် ၄၅ လမ်းနဲ့ ၄၆ လမ်းကြား ဘလောက် ၁ ဘလောက်စာ နေရာယူထားပြီး ချိတ်ဆွဲထားသည့် တိုက်ကြီး၏ အထပ် ၈ ထပ်စာကို နေရာယူထားတာကို အံမခန်းဖွယ် တွေ့ရမှာ ဖြစ်ပါတယ်။

အဆိုပါ နေရာဟာ နူးယောက်ခ်ရဲ့ လူအစည်ကားဆုံး နေရာဖြစ်ပြီး တစ်နေ့လျှင် လူ ၃၀၀၀၀၀ ခန့် လာရောက်ပြီး မော်တော်ယာဉ်များနှင့် ဘတ်စ်ကားများမှ ခရီးသွား ၁၂၀၀၀၀ ခန့် နေ့စဉ် ဖြတ်သန်းသွားလာတဲ့ နေရာပဲ ဖြစ်ပါတယ်။

စံချိန်တင်ကြီးမားပြီး LED ပေါင် ၂၄ သန်းနဲ့ ပြုလုပ်ထားတဲ့ ဒီ Electronic Billboard ကြီး၌ ပထမဆုံး ကြော်ငြာထည့်သွင်းတဲ့ ကုမ္ပဏီကတော့ Google ဖြစ်ပြီး ယင်းတို့ရဲ့ Android OS ကို ကြော်ငြာထားပါတယ်။


Myanmar Consumer Guide , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment