Pages

Friday, December 12, 2014

သာကေတမြို့နယ်တွင် ဆူဇူကီး အဖြူရောင်ယာဉ် တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိမောင်းနှင်စဉ် ယာဉ်တိုက်မှုဖြစ်ကာ ယာဉ်မောင်းသေဆုံး

RangonNewsDaily:: December . 12 .2014
၁၀.၁၂.၂၀၁၄ ရက်နေ့ ၀၂၃၀ အချိန်တွင် သာကေတမြို့နယ်၊ ရှုခင်းသာမြို့ပတ်လမ်းအတိုင်း သာကေတဘက်မှ ဒေါပုံဘက်
သို့ မင်္ဂလာတောင်ညွန့်မြို့နယ်နေ ယာဉ်မောင်း ကိုလင်းမောင်၊ (၄၀)နှစ် မောင်းနှင်လာသော 3I----ဆူဇူကီးအဖြူရောင်ယာဉ်
သည် MOGE ၀င်းရှေ့အရောက် တစ်ဘက်ယာဉ်ကြောသို့ လမ်းပြောင်းပြန်ရောက်ရှိကာ မျက်နှာချင်းဆိုင်မှမောင်းနှင်
လာသော 4C---- နစ်ဆန်း ကောင်တာ ကုန်တင်နောက်တွဲယာဉ်အားတိုက်မိခဲ့ရာ ယာဉ်(၂)စီးပျက်စီးပြီး ယာဉ်မောင်း 
လင်းမောင် မှာ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။
ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကိုလင်းမောင်(သေဆုံး)အား သာကေတမြို့မရဲစခန်း ယာဉ်(ပ)၃၉/၂၀၁၄၊ ပြစ်မှုပုဒ်
မ-၃၀၄-က ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။

Yangon Police , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment