Pages

Friday, December 12, 2014

ဗဟန်းမြို့နယ်တွင် တိုယိုတာဟာရီယာကိုယ်ပိုင် ယာဉ်အရှိန်လွန်ကာ လမ်းဘေးအုတ်ခုံအား တိုက်မိသဖြင့် ယာဉ်မောင်းသူ သေဆုံး

RangonNewsDaily:: December . 12 .2014
၁၀.၁၂.၂၀၁၄ ရက်နေ့ ၀၈၃၅ အချိန်တွင် ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း
အတိုင်း ရွှေဂုံတိုင်ဘက်မှ ကုက္ကိုင်းဘက်သို့ တာမွေမြို့နယ်နေ ယာဉ်မောင်း ဦးအေးသန်း၊ (၆၄)နှစ်မောင်းနှင်လာသော 1D---- တိုယိုတာဟာရီယာကိုယ်ပိုင်
ယာဉ်သည် ကုက္ကိုင်းမီးပွိုင့်အရောက်အရှိန်လွန်ကာ လမ်းထောင့်ရှိ အုတ်ခုံအား ၀င်ရောက်တိုက်မိခဲ့ပါသည်။
ထိုသို့တိုက်မိမှုကြောင့် ယာဉ်ပျက်စီးခဲ့ပြီး ယာဉ်မောင်း ဦးအေးသန်းမှာ ဒဏ်ရာများ
ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးအေးသန်း(သေဆုံး)အား ဗဟန်းမြို့မ
ရဲစခန်းယာဉ် (ပ)၁၂၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment