Pages

Friday, December 12, 2014

မရမ်းကုန်းမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် အဆိပ်သောက်သေဆုံးမှု (၂)မှုဖြစ်

RangonNewsDaily:: December . 12 .2014
၁၀.၁၂.၂၀၁၄ ရက်နေ့ ၀၉၃၀ အချိန်တွင် မြောက်ဥက္ကလာပဆေးရုံ၌ ပိုးသတ်ဆေးသောက်သုံးခဲ့သော အမျိုးသားတစ်ဦး ဆေးကုသမှုခံယူနေစဉ်သေဆုံးသွားကြောင်းသတင်းအရ မရမ်းကုန်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေး
ရာ သေဆုံးသူမှာ မရမ်းကုန်းမြို့နယ်နေ ဦးသိန်းစော၊ (၅၅)နှစ်ဖြစ်ပြီး ၎င်းသည် ၇.၁၂.၂၀၁၄ ရက်နေ့က ရွက်ဖြန်းပိုး
သတ်ဆေးသောက်ခဲ့၍ ယင်းသို့ ဆေးကုသမှုခံယူစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်းသိရှိရသဖြင့် မရမ်းကုန်းမြို့မ
ရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၂၆/၂၀၁၄) ဖြင့်ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
အလားတူ ၁၀၃၀ အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊(ဌ)ရပ်ကွက်ရှိ နေအိမ်တွင် အမျိုးသမီးတစ်ဦးအဆိပ်သောက်ေ
ဆုံးနေကြောင်းသတင်းအရမြောက်ဥက္ကလာပမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရာ ၎င်းအိမ်နေ မစန္ဒာအောင်၊ (၂၉)နှစ်မှာ နေအိမ်အိပ်ခန်းအတွင်း၌ ပါးစပ်မှ ပိုးသတ်ဆေးနံ့များထွက်ကာ ပြင်ပဒဏ်ရာမတွေ့ရှိဘဲ သေဆုံးနေသည်ကိုတွေ့ရှိရပြီး ၎င်းသည် စိတ်ကျန်းမာရေးမကောင်းသူဖြစ်ကြောင်း၊ ၎င်းသေဆုံးမှုနှင့်ပတ်သက်၍
 ဝေဘာဂီနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁၀/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment