Pages

Wednesday, December 17, 2014

ပါကစ္စတန် စစ်တပ်စာသင်ကျောင်းကို တာလီဘန်များ ၀င်ရောက်တိုက်ခိုက် ကလေးငယ် ၈၄ဦးအပါအ၀င် လူ ၁၂၆ဦး သေဆုံး


RangonNewsDaily:: December . 17 .2014
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပီရှဝါမြို့က စစ်သား သား၊သမီးတွေတက်တဲ့ စာသင်ကျောင်း တစ်ကျောင်းကို တာလီဘန် အကြမ်းဖက်သမားတွေက ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ကလေးငယ် ၈၄ဦး အပါအ၀င် လူ ၁၂၆ဦး သေဆုံးခဲ့သလို ၁၂၂ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေးလီးမေးလ် သတင်းစာက ဖော်ပြခဲ့ပါတယ်။
အဲဒီစာသင်ကျောင်းမှာ အသက် ၁၀နှစ်နဲ့ ၁၈နှစ်ကြား ကျောင်းသား ၅၀၀လောက် ပညာသင်ကြားနေပြီး ဒီဇင်ဘာ ၁၆ရက် ဒေသစံတော်ချိန် နံနက် ၁၀နာရီမှာ ၀င်ရောက်တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ ဒေသခံ မီဒီယာတွေ ထုတ်ပြန်တဲ့ သတင်းတွေအရ တာလီဘန် အကြမ်းဖက်သမား အနည်းဆုံး၆ဦး ရှိတယ်လို့ သိရပါတယ်။

သတင်းတစ်ရပ်မှာ အသေခံ ဗုံးခွဲသူ တစ်ဦးဟာ ကျောင်းသား ၆၀ဦးရှိတဲ့ စာသင်ခန်း တစ်ခန်းထဲကို ပြေးဝင်ပြီး ဗုံးဖောက်ခွဲခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
::
ဒီအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ခိုရာဆာနီက “အစိုးရအဖွဲ့က ကျွန်တော်တို့ မိသားစုဝင်တွေနဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြလို့ ကျွန်တော်တို့ကလည်း စစ်သား သား၊ သမီးတွေ တက်တဲ့ကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။ သူတို့ကို နာကျင်စရာတွေ ခံစားစေချင်ပါတယ်”လို့ ပြောပါတယ်။


အဲဒီကျောင်းမှာ အလုပ်လုပ်တဲ့ မူဒက်ဆာအေ၀န်ရဲ့ ဖွင့်ဟမှုအရ တာလီဘန် ၆ဦးဟာ ကျောင်းနံရံကို တွယ်တက်ပြီး ကျောင်းထဲကို ၀င်ရောက်လာကာ အခန်းအပြင်ဘက်မှာ ဆော့ကစားနေတဲ့ ကျောင်းသားတွေကို စတင်ပစ်ခတ် ခဲ့တယ်လို့ သိရပါတယ်။
::
၂၀၁၀ခုနှစ်နောက်ပိုင်းတာလီဘန်တွေရဲ့ လက်ချက်ကြောင့် စာသင်ကျောင်း ၁၀၀၀ကျော် ပျက်စီးခဲ့ရတယ်လို့ ဒေးလီးမေးလ်က ဖော်ပြပါတယ်။

Ref: Dailymail ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment