Pages

Wednesday, December 17, 2014

မန္တလေးတွင် တန်ဖိုးနည်းအိမ်ရာများကို ဒီဇင်ဘာ(၂၂)ရက်နေ့တွင် မဲစနစ်ဖြင့် စတင်ရောင်း ချတော့မည်


RangonNewsDaily:: December . 17 .2014
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ တန်ဖိုးနည်းအိမ်ရာများကို ဒီဇင်ဘာစတုတ္ထအပတ်တွင် မဲစနစ်ဖြင့် စတင်ရောင်းချတော့မည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာတွင် အခန်းပေါင်း (၁၃၄၄)ခန်းရှိပြီးဒီဇင်ဘာစတုတ္ထအပတ်တွင် ရောင်းချမယ် အိမ်ရာများအတွက် လျှောက်ထားသူ(၃၇၇)ဦးရှိရာ အခန်းများ။အထပ်များကို မဲစနစ်ဖြင့် ရောင်းချပေးသွားရန် စီစဉ်လျက်ရှိသည်။
::
ယင်းလျှောက်ထားမှုများတွင် မြေညီထပ်အခန်းလျှောက်ထားမှုပိုများသဖြင့် အချိုးကျခွဲ
၍ မဲစနစ်ဖြင့် စိစစ်ရောင်းချပေးသွားမည်ဖြစ်ရာဘဏ်ချေးငွေဖြင့် ဝယ်မည်သူထက် လက်ငင်းဝယ်ယူမည်သူကို အဓိက ဦးစားပေးရောင်းချပေးနိုင်ရန် စီစဉ်လျက်ရှိရာ ဒီဇင်ဘာ(၂၂)ရက်နေ့တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Popular News ::--KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment