Pages

Wednesday, December 17, 2014

ရန်ကုန်မြို့အတွင်းရှိ ATM ငွေထုတ်စက်များတွင် ငွေထုတ်ကတ်အတုများဖြင့် လိုက်လံငွေထုတ်နေသည့် နိုင်ငံခြားသားတစ်ဦး ထပ်မံဖမ်းဆီးရမိ

RangonNewsDaily:: December . 17 .2014
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ATM ငွေထုတ်စက်များတွင် ငွေထုတ်ကတ် အတုများပြုလုပ်ကာ လိုက်လံငွေထုတ်နေသည့် နိုင်ငံခြားသားတစ်ဦးကို ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံး မှ ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက သိရသည်။
ထပ်မံဖမ်းဆီးခဲ့သည့် နိုင်ငံခြားသားမှာ ဘူဂေးရီးယားနိုင်ငံသားဖြစ်ပြီး ရန်ကုန်မြို့လယ်၌ ဒီဇင်ဘာ ဒုတိယပတ်အတွင်းက ဖမ်းဆီးရမိခဲ့ကြောင်း အမည်မဖော်လိုသူ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးက ပြောကြားသည်။

၂ဝ၁၄ ခုနှစ် နိုဝင်ဘာအတွင်း ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်တစ်ခု၏ ATM ငွေထုတ်စက် တစ်ခုတွင် နိုင်ငံခြားသားတစ်ဦးက ငွေထုတ်ကတ်များဖြင့် ထုတ်ယူနေမှုကို မသင်္ကာသဖြင့် စီစီတီဗွီကင်မရာ မှတ်တမ်းများကို ပြန်လည်ကြည့်ပြီးနောက် ရဲတပ်ဖွဲ့သို့ တိုင်တန်းခဲ့သည်။
::
ယင်းနောက် သက်ဆိုင်ရာတာဝန်ရှိသူများက ရန်ကုန်မြို့ရှိ ATM ငွေထုတ်စက်နေရာများအားလုံးတွင် သတင်းရယူစုံစမ်းပြီးနောက် မသင်္ကာသူ အိန္ဒိယနိုင်ငံသား တစ်ဦးကို နိုဝင်ဘာနောက်ဆုံးပတ်အတွင်း က ၎င်းတည်းခိုနေထိုင်နေသည့် ပန်းဘဲတန်း မြို့နယ် (၂၉)လမ်း အထက်လမ်းရှိ မေဖလားဝါးအင်းတွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ငွေထုတ်ကတ်အတုများဖြင့် ငွေများကို လိုက်လံထုတ်ယူနေသည်ဟု ယူဆထားရသည့် နိုင်ငံခြားသား သုံးဦးမှာ Mr.Niranjan Rasligan (၂၈) နှစ် အင်္ဂလန် နိုင်ငံသား၊ Mr.Rajkumar (၃၃) နှစ် အိန္ဒိယ နိုင်ငံသား၊ Mr.Balu (၃၄) နှစ် အိန္ဒိယနိုင်ငံ သားတို့ဖြစ်ကြောင်း သိရသည်။
::
အိန္ဒိယနိုင်ငံသားတစ်ဦးထံမှ ငွေထုတ်ကတ် အတုများနှင့်အတူ ထုတ်ယူ ထားသည့် ငွေကျပ် ကိုးသိန်းကျော်ကိုလည်း သိမ်းဆည်းရမိထားကြောင်း သိရသည်။
::
အဆိုပါအမှုကို ပန်းဘဲတန်းမြို့မရဲစခန်း မှ (ပ) ၃၅၅/၂ဝ၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈ဝ/၄၆၈ ဖြင့် လည်းကောင်း၊ ဗိုလ်တထောင်မြို့မရဲစခန်းမှ (ပ) ၁၆၆/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ/၄၆၈ ဖြင့်လည်းကောင်း အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Eleven Media ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment