Pages

Saturday, November 8, 2014

အခါလွန်မိုးများ နိုင်ငံအဝန်းတစ်ပတ်ခန့် ရွာဦးမည်ဟု ဒေါက်တာထွန်းလွင်ပြော

RangonNewsDaily:: November . 7 .2014
ဘင်္ဂလားပင်လယ်အော် မှ မုန်တိုင်းနှင့် ထိုင်းပင်လယ် ကွေ့တွင် အရှေ့လေပွေလှိုင်း တစ်ခုဖြစ်ပေါ်မှုကြောင့် မြန်မာ နိုင်ငံတစ်ဝန်း အခါလွန်မိုးများ သီးတင်းတစ်ပတ်ခန့် ဆက်လက် ရွာနေဦးမည်ဖြစ်ကြောင်း ဒေါက် တာထွန်းလွင်က ပြောသည်။
မုန်တိုင်းအရှိန်နှင့် အဆိုပါ လေပွေလှိုင်း၏ အရှိန်ကြောင့် မြန်မာနိုင်ငံဒေသအနှံ့အပြား နိုဝင် ဘာလလယ်ခန့်အထိ မိုးကောင်း နိုင်ကြောင်း ဒေါက်တာထွန်းလွင် နှင့် မိုးဇလဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်ဦးကျော်မိုးဦးကသတိ ပေးသည်။

‘‘မုန်တိုင်း အရှိန်ကြောင့် နိုဝင်ဘာ ၁၀ ရက်နေ့အထိ မိုး ကောင်းမယ်။ သူ့နောက်မှာ ဒီ ထိုင်းပင်လယ်ကွေ့က အရှေ့လေ ပွေလှိုင်းဖြတ်နိုင်တဲ့အတွက် မိုးက တစ်ပတ်ကျော်ကျော်လောက် ဆက်ကောင်းနေမှာ’’ ဟု ဦးကျော် မိုးဦးကပြေသည်။
::
ဘင်္ဂလားပင်လယ်အော်တွင် ၂၀၁၄ အတွင်း လေးလုံးမြောက်ဖြစ်သော မုန်တိုင်းမှာ ယနေ့ (နိုဝင်ဘာ ၈ ရက်)တွင် အိန္ဒိယနိုင်ငံကမ်းခြေသို့ ၀င်မည်ဟု ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

ထိုမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံဒေသအနှံ့မိုး အဆက်မပြတ်ရွာခဲ့ပြီး ရန်ကုန်မြို့တွင် နိုဝင်ဘာ ၆ရက် နံနက်အစောပိုင်းက လေဆင်နှာမောင်းဝင်ခဲ့ကာ မြို့နယ်အချို့ ရေကြီး ရေလျှံသည့် ပြဿနာနှင့် ရင်ဆိုင်နေရသည်။
::
‘‘ဒီမုန်တိုင်း အရှိန်ကြောင့် မိုးကောင်းနေတယ်။ သူ ကမ်းရိုး တန်းကို ၀င်သွားရင်တောင်လာ မယ့် နှစ်ရက်လောက်မှာ ထိုင်းပင် လယ်ကွေ့က လေပွေလှိုင်းတစ်ခု ဒီဘက်ကို ထပ်ဝင်လာနိုင်လို့ မိုး ဆက်ကောင်းနေဦးမယ်’’ဟု နိုင်ငံ တကာမိုးလေ၀သဌာနများ၏ ခန့် မှန်းချက်များကို ကိုးကား၍ဒေါက် တာထွန်းလွင်ကဆိုသည်။

မိုး/ဇလဌာန ဒုတိယ ညွှန် ကြားရေးမှူးချုပ်ဦးကျော်မိုးဦးက ဘင်္ဂလားပင်လယ်အော်တွင် ဖြစ် နေသည့် မုန်တိုင်းငယ်သည် ပိုမို အားကောင်းလာပြီး ဆိုက်ကလုန်း မုန်တိုင်းအဆင့်သို့ ရောက်လာနိုင် ကာ အ၀ါရောင်အဆင့်သတိပေး ချက်ထုတ်ပြန်လိုက်ကြောင်း ပြော သည်။
::
ထိုမုန်တိုင်းမှ ခွဲထွက်လာ သော အားကောင်းသည့် တိမ်စု ကြီး တစ်ခုသည် မြစ်ဝကျွန်းပေါ် ဒေသအပေါ်ပိုင်းတွင် ရောက်နေ ပြီး မိုးဆက်လက်အားကောင်းနေ မည်ဖြစ်ကြောင်း သတိပေးသည်။

‘‘လက်ရှိ ရာသီဥတုအခြေအ နေက မိုးရောလေပါသတိထားရ မယ်။ မြစ်ဝကျွန်းပေါ်အပေါ်ဘက် မှာ ရောက်နေတဲ့ တိမ်စိုင်ထုရဲ့ လေကလည်း မုန်တိုင်းငယ်အ ဆင့် ရောက်ခါနီးအထိ အား ကောင်းနေတယ်။ ပင်လယ်ပြင်မှာ လည်း လေပြင်းအန္တရာယ်ရှိနေ တယ်’’ဟု ၎င်းကပြောသည်။
::
မိုး/ဇလ ဌာနတွင် ဘင်္ဂလား ပင်လယ်အော် အရှ့တောင်ပိုင်း ၌ ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏အနောက်တောင်ဘက် မိုင် ၄၆၀ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ဘလဲမြို့၏ အနောက်-အနောက်မြောက်မိုင်၃၃၀ ခန့်နှင့် ဗီဇာကာ ပတ္တနမ်မြို့၏ အရှေ့တောင်ဘက် မိုင် ၃၅၀ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး မြောက်ဘက် (အိန္ဒိယနိုင်ငံ ကမ်းခြေဘက်)သို့ ဆက်လက်ရွေ့လျားမည်ဟု နိုဝင်ဘာ ၆ရက်ညတွင် သတင်းထုတ်ပြန်ထားသည်။
::
ထို့အပြင် ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်၊မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

7Day Daily ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment